
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်လုပ်ကွက်များမှ မိုးကောင်းမြို့သို့ (၅-၂-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် ရောက်ရှိလာသော နေရပ်ပြန်ပြည်သူ (၉) ဦးအား တစ်ဦးလျှင် တီရှပ် (၁)ထည် တဘက် (၁)ထည် ဆပ်ပြာ (၁)တောင့်နှင့် ဆန်ရိက္ခာ ၇ ရက်စာဖိုး (၂,၁၀၀)ကျပ်အား ထောက်ပံ့ပေးခဲ့ပြီး လူ (၉)ယောက်စာအတွက် ရထားလက်မှတ်ခ စုစုပေါင်း (၃၃,၃၀၀) ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး မင်းပြား၊ ကျောက်တော် အရာတော်၊ ထန်းတပင်၊ ရသေ့တောင်၊ မန္တလေးမြို့များသို့ (၁၇:၄၅) အချိန်တွင် ထွက်ခွာသည့် မြစ်ကြီးနား-မန္တလေးရထားဘူတာရုံသို့ လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)