Category Archives: News
-
နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ပြန်လည်နေရာချထားပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပြောင်းရွှေ့တဲအိမ် (၆) လုံးအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ပြန်လည်နေရာချထားပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၁၀-၂-၂၀၁၈) ရက်နေ့တွင် ပြောင်းရွှေ့တဲအိမ် (၆) လုံးအတွက် တစ်အိမ်လျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၁၈၀၀၀၀) ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ တောင်ဘက်ကျေးရွာအုပ်စု၊ တောင်ဘက်ကျေးရွာ မီးဘေးသင့် အိမ်ထောင်စုတစ်စုအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= (၈-၂-၂၀၁၈) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ တောင်ဘက်ကျေးရွာအုပ်စု၊ တောင်ဘက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုးနှင့် Family Kit (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀ဝိ/-)၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆၃၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၆၃၀ဝိ/-) ကျပ်တို့အား (၁၀-၂-၂၀၁၈) ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာ မူလွန်ကျောင်းနှင့် ကမာမိုကျေးရွာ မူကြိုကျောင်းတို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောမှုသတင်း
================================================= Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ===================================================ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၂-၂၀၁၈) ရက်နေ့၊ (၁၀းဝဝ) နာရီအချိန်တွင် ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာ မူလွန်ကျောင်း၌လည်းကောင်း၊ (၁၂းဝဝ) နာရီအချိန်တွင် ချောင်းဆုံမြို့နယ်၊ ကမာမိုကျေးရွာ မူကြိုကျောင်း၌လည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
-
နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ပြန်လည်နေရာချထားပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပြောင်းရွှေ့တဲအိမ် (၈) လုံးအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ပြန်လည်နေရာချထားပေးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ (၉-၂-၂၀၁၈) ရက်နေ့တွင် ပြောင်းရွှေ့တဲအိမ် (၈) လုံးအတွက် တစ်အိမ်လျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၂၄၀၀၀၀) ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
ကျောက်ဖြူခရိုင်၊ စနဲမင်းပြင်ကျေးရွာအုပ်စု၊ ရခိုင်မင်းပြင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ငလျင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၂-၂၀၁၈) ရက်နေ့တွင် ကျောက်ဖြူခရိုင်၊ စနဲမင်းပြင်ကျေးရွာအုပ်စု၊ ရခိုင်မင်းပြင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ငလျင်သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်၊၊ အဆိုပါဆွေးနွေးပွဲတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ရှောင်ရန်များပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်၊၊ အဆိုပါဟောပြောပွဲသို့ ရွာသူ/သား တက်ရောက်သူဦးရေ (၈၀) ဦးခန့်ရှိကြောင်း သိရှိရပါသည်။
-
တမူးခရိုင်၊ တမူးမြို့၊ မြို့မရပ်ကွက် နန်းဖာလုံဈေးအနီးရှိ မီးလောင်ကျွမ်းခဲ့သော လူနေအိမ် (၆) လုံးအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= (၇-၂-၂၀၁၈) ရက်နေ့၊ ည (၂၁း၄၅) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့၊ မြို့မရပ်ကွက် နန်းဖာလုံဈေးအတွင်းရှိ စျေးဆိုင်ခန်း (၅၃) ခန်းနှင့် ဈေးအနီးရှိ လူနေအိမ် (၆) လုံး မီးလောင်ကျွမ်းခဲ့ရာ မီးလောင်ကျွမ်းခဲ့သည့်နေအိမ် (၆) လုံးအတွက် တစ်အိမ်ထောင်လျှင် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂) သိန်းနှုန်းနှင့် Family Kits (၁) ပုံး၊ စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၁၂) သိန်းနှင့် Family Kits (၆) … Read more
-
ပြည်သူကိုတိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည့် ဝန်ကြီးဌာန၏ မူဝါဒနှင့် လုပ်ငန်းစဉ်များကို လွွှတ်တော်ကော်မတီဝင်များအား ရှင်းလင်းတင်ပြ
================================================= ၉-၂-၂၀၁၈၊ နေပြည်တော်—————–လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော ဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် (၉-၂-၂၀၁၈) ရက်နေ့၊ မွန်းလွဲပိုင်းတွင် လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိဆောင်အစည်းအဝေးခန်းမတွင် ဝန်ကြီးဌာနက ချမှတ်ထားသော မူဝါဒများ၊ ပြည်သူကိုတိုက်ရိုက်အကျိုးရှိစေမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လွှတ်တော်အသီးသီးရှိ ကော်မတီများမှ ကိုယ်စားလှယ်များအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌ ဦးတီခွန်မြတ်တက်ရောက်၍ နှုတ်ခွန်းဆက်စကားပြောကြားရာတွင် မိမိတို့လွွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် (၉-၂-၂၀၁၈) ရက်နေ့၊ အစည်းအဝေးတွင် ဝန်ကြီးဌာနတစ်ခု၏ မူဝါဒနှင့်လုပ်ငန်းစဉ်များကို ချဉ်းကပ်လေ့လာခွင့်ရခြင်းဖြစ်ကြောင်း၊ ပြည်သူကရွေးချယ် ပေးထားသော ကိုယ်စားလှယ်များအနေဖြင့် ဥပဒေပြုရေး … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၂၀၂၀၁၈) ရက်နေ့ တွင် သထုံမြို့၊ လိပ်အင်းရပ်ကွက်အတွင်းရှိ ပြည်သူလူထု (၉၀) ဦးအား ငလျင်ဘေးနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများ ဆွေးနွေးဟောပြောခြင်း၊ ဘေးနှင့် ပတ်သက်သည့် ဗီဒီယို ပြသခြင်း၊ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေး လက်ကမ်း စာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့်တာဝန်ရှိသူများသည် (၈-၂-၂၀၁၈) ရက်နေ့တွင် ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတဝက်ကျေးရွာအုပ်စု ညောင်တုန်းကျေးရွာ၌ ကျေးရွာသူ/ကျေးရွာသား စုစုပေါင်း လူဦးရေ (၁၅၀)ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များနှင့်ဗီနိုင်း ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့၊ တင်းဂါတ်ကျေးရွာအုပ်စု၊ ရှားတော ကျေးရွာတွင် (၁-၂-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် အိမ်ခြေ(၁)လုံး အိမ်ထောင်စု(၁)စု၊ လူဦးရေ(၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၆၃၀၀/-)ကျပ်တို့အား (၉-၂-၂၀၁၈) ရက်နေ့ တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)









