ကျောက်ဖြူခရိုင်၊ စနဲမင်းပြင်ကျေးရွာအုပ်စု၊ ရခိုင်မင်းပြင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ငလျင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

10_Pic01

=================================================
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၂-၂၀၁၈) ရက်နေ့တွင် ကျောက်ဖြူခရိုင်၊ စနဲမင်းပြင်ကျေးရွာအုပ်စု၊ ရခိုင်မင်းပြင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ငလျင်သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်၊၊ အဆိုပါဆွေးနွေးပွဲတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ရှောင်ရန်များပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်၊၊ အဆိုပါဟောပြောပွဲသို့ ရွာသူ/သား တက်ရောက်သူဦးရေ (၈၀) ဦးခန့်ရှိကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events