တမူးခရိုင်၊ တမူးမြို့၊ မြို့မရပ်ကွက် နန်းဖာလုံဈေးအနီးရှိ မီးလောင်ကျွမ်းခဲ့သော လူနေအိမ် (၆) လုံးအတွက် ထောက်ပံ့မှုသတင်း

10_Pic01

10_Pic02

=================================================
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================

(၇-၂-၂၀၁၈) ရက်နေ့၊ ည (၂၁း၄၅) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့၊ မြို့မရပ်ကွက် နန်းဖာလုံဈေးအတွင်းရှိ စျေးဆိုင်ခန်း (၅၃) ခန်းနှင့် ဈေးအနီးရှိ လူနေအိမ် (၆) လုံး မီးလောင်ကျွမ်းခဲ့ရာ မီးလောင်ကျွမ်းခဲ့သည့်နေအိမ် (၆) လုံးအတွက် တစ်အိမ်ထောင်လျှင် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂) သိန်းနှုန်းနှင့် Family Kits (၁) ပုံး၊ စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၁၂) သိန်းနှင့် Family Kits (၆) ပုံးတို့အား ကလေးခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၂-၂၀၁၈) ရက်နေ့၊ နံနက် (၀၉းဝဝ) နာရီအချိန်တွင် တမူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အတူ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားဖြင့် ထောက်ပံ့ခဲ့ပြီး အခမ်းအနား၌ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events