ပြည်သူကိုတိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည့် ဝန်ကြီးဌာန၏ မူဝါဒနှင့် လုပ်ငန်းစဉ်များကို လွွှတ်တော်ကော်မတီဝင်များအား ရှင်းလင်းတင်ပြ

10_Pic01

=================================================
၉-၂-၂၀၁၈၊ နေပြည်တော်—————–လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော ဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် (၉-၂-၂၀၁၈) ရက်နေ့၊ မွန်းလွဲပိုင်းတွင် လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိဆောင်အစည်းအဝေးခန်းမတွင် ဝန်ကြီးဌာနက ချမှတ်ထားသော မူဝါဒများ၊ ပြည်သူကိုတိုက်ရိုက်အကျိုးရှိစေမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လွှတ်တော်အသီးသီးရှိ ကော်မတီများမှ ကိုယ်စားလှယ်များအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌ ဦးတီခွန်မြတ်တက်ရောက်၍ နှုတ်ခွန်းဆက်စကားပြောကြားရာတွင် မိမိတို့လွွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် (၉-၂-၂၀၁၈) ရက်နေ့၊ အစည်းအဝေးတွင် ဝန်ကြီးဌာနတစ်ခု၏ မူဝါဒနှင့်လုပ်ငန်းစဉ်များကို ချဉ်းကပ်လေ့လာခွင့်ရခြင်းဖြစ်ကြောင်း၊ ပြည်သူကရွေးချယ် ပေးထားသော ကိုယ်စားလှယ်များအနေဖြင့် ဥပဒေပြုရေး တာဝန်အပြင် အပြန်အလှန်ထိန်းကျောင်းခြင်းလုပ်ငန်းစဉ်ကိုလည်း ဆောင်ရွက်ရပါကြောင်း၊ ပြည်သူကိုတိုက်ရိုက်အကျိုးရှိစေမည့် လုပ်ငန်းများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပါသည်။ ထို့နောက် မိမိမကြာမီကတက်ရောက်ခဲ့ရသော (AIPA)အစည်းအဝေးတွင် ရခိုင်ဒေသနှင့်ပတ်သက်၍ နိုင်ငံတော်က ဆောင်ရွက်ပေးနေမှု အခြေအနေများကို တင်ပြရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို အလေးပေး၍ နိုင်ငံတကာသို့ တင်ပြခွင့်ရခဲ့ပါကြောင်း၊ ဤဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများကိုလည်း အသိအမှတ်ပြုကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အစိုးရနှင့်လွှတ်တော်တို့ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်သူကိုတိုက်ရိုက်အကျိုး ဖြစ်ထွန်းစေသောဆောင်ရွက်ချက်များကို ပိုမိုဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းမှ မွေးဖွားသော ကလေးအသက်(၂)နှစ်အထိ ထောက်ပံ့ကြေးပေးသောစနစ်နှင့် အသက်(၉၀)နှစ် နှင့်အထက် ဘိုးဘွားများကို လူမှုရေးပင်စင်လစဉ်ပေးအပ်မှုများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုအခါပြည်သူများ၏ လိုအပ်ချက်များကို ထိထိရောက်ရောက်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ဝန်ကြီးဌာနကို ယခင်ဦးစီးဌာန(၂)ခုရှိရာမှ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနဟူ၍ ပြန်လည်ထူထောင်ရေးဦးစီးဌာနကို တိုးချဲ့ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဋိသန္ဓေတည်ချိန်မှစ၍ သက်ကြီးရွယ်အိုအထိ ကြုံတွေ့ကြရမည့် လူမှုကိစ္စအဝဝကို တာဝန်ယူဆောင်ရွက်ရသော မိမိတို့ဝန်ကြီးဌာနသည် လူတိုင်းလူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်ရေးနှင့် လွတ်လပ်လုံခြံုစွာ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် မူဝါဒများချမှတ်၍ အလေးထားဆောင်ရွက်နေပါကြောင်း၊ ပြည်သူများ၏ လက်ရှိ ရင်ဆိုင်ကြံုတွေ့နေရသော လိုအပ်ချက်များကို ပြည်သူကြားသို့ အမြဲရောက်ရှိနေသော လွှတ်တော်ကိုယ်စားလှယ်ကြီးများက ပိုမိုသိရှိနိုင်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်သူကို ပိုမိုအကျိုးပြုနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် နိုင်ငံအဝှမ်း ပဋိပက္ခများကင်းဝေးပြီး ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပေါ်စေရန်အတွက် တစ်နိုင်ငံလုံးရှိသော ပြည်သူများ၏အင်အားကိုရယူကာ ဆက်လက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန(၃)ခုမှ ညွွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနများ၏ လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်လိုသော လုပ်ငန်းအစီအမံများနှင့်ပတ်သက်၍ အသီးသီးတင်ပြဆွေးနွေးရာ တက်ရောက်လာကြသော ရေးရာကော်မတီများမှ လွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် ကြံုတွေ့နေကြရသော ပြည်သူတို့၏လိုအပ်ချက်များ၊ မြို့နယ်အဆင့် ရုံးမြေနေရာ ရရှိနိုင်မှုအခြေအနေ၊ ကလေးသူငယ်ဆိုင်ရာကိစ္စရပ်များ၊ အမျိုးသမီးအခွင့်အရေး ဆိုင်ရာကိစ္စရပ်များ၊ သဘာဝဘေးကြိုတင်ပြင်ဆင်ထားနိုင်မှုတွင် ပါဝင်ဆောင်ရွက်ကြမည့်အခြေအနေများ၊ မူးယစ်ဆေးဝါးပြန်လည်ထူထောင်ရေးကိစ္စရပ်များနှင့် တိုက်ပွဲရှောင်ပြည်သူများ ပြည်လည်နေရာချထားရေးကိစ္စရပ်များ၊ မသန်စွမ်းများ၏ အခွင့်အရေးကိစ္စရပ်များ၊ သက်ကြီးပင်စင် ကိစ္စရပ်များ စသည်တို့ကိုအကြံပြု မေးမြန်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြား ရှင်းလင်းဆွေးနွေးပေးခဲ့ကြပါသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့ရှိ ကော်မတီများမှ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events