Category Archives: News
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၂-၂၀၁၈)ရက်နေ့တွင် လှိုင်သာယာမြို့နယ်၊ အလယ်ရွာအုပ်စု၊ ရွှေလင်ဗန်းစက်မှုဇုံ၊ ဆိပ်ကမ်းသာလမ်း၌ ဖြစ်ပွားခဲ့သော မီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၈)အိမ်ထောင်စုစာနှင့် ဘေးသင့်ပြည်သူ(၂၇)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၅၆၇၀၀/-) ကျပ်တို့အား (၂၃-၂-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၂-၂၀၁၈)ရက်နေ့တွင် ဂွမြို့နယ်၊ ရဟိုင်ကူးတို့ကျေးရွာအုပ်စု ရဟိုင်ကူးတို့ကျေးရွာ၌ မီးဘေးသင့် အိမ်ခြေ (၂၅)လုံးမှ အိမ်ထောင်စု(၂၆) တွင် လုံးဝပျက်စီး အိမ်ခြေ(၁၃) လုံးမှ အိမ်ထောင်စု(၁၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ထောင်စု(၁၃)စုစာ တန်ဖိုးငွေ (၃၆၅၉၈၉/-)ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုး(၁၅၀၀၀၀၀/-)ကျပ်၊ မီးတားကြိုတင်ဖြိုဖျက် အိမ်ခြေ(၁၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၆)မျိုး၊ အိမ်ထောင်စု(၁၂)စုစာ တန်ဖိုးငွေ(၁၂၉၇၂၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၂၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး အိမ်ထောင်စု(၂၆)စု လူဦးရေ(၉၂)ဦး အတွက် (၁၉၃၂၀၀/-)ကျပ် စုစုပေါင်းတန်ဖိုးငွေ( ၃၃၈၈၉၀၉/-)ကျပ်တို့အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးနှင့်ကျန်းမာရေးဝန်ကြီး ဒေါက်တာချမ်းသာဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၂-၂၀၁၈)ရက်နေ့တွင် ကျောက်မဲခရိုင် နားအိုက်ခန့်ကျေးရွာ အုပ်ချုပ်ရေးမှူးခန်းမတွင် လူဦးရေ (၁၆၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး ဘေးနှင့် စပ်လျဉ်းသည့် လက်ကမ်းစာစောင်များလည်းဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ခြင်ဘို့ ကျေးရွာအုပ်စု၊ ကျောက်ရဲကျေးရွာ၌ (၂၂-၂-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ (၁၆) လုံး အိမ်ထောင်စု (၁၆) စု၊ လူဦးရေ (၆၂) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၆)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၆၀၀,၀၀၀)နှင့် ဆန်ရိက္ခာဖိုးငွေ (၁၃၀,၂၀၀) ကျပ်တို့အား (၂၃-၂-၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ပန်ကွဲကျေးရွာအုပ်စု၊ ပန်ကွဲကျေးရွာ၌ (၂၁-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် မိုင်းစထိမှန် ဒဏ်ရာရလူနာ (၂) ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် (၁၀၀,၀၀၀) ကျပ်အား (၂၃-၂-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ဇေယျာသီရိမြို့နယ် သာယာကုန်းကျေးရွာအုပ်စု ဝဲကြီးကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
================================================= Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) ================================================= ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၂-၂-၂၀၁၈) ရက်နေ့၊ (၁၃း၃၀~၁၅း၀၀) နာရီအချိန်တွင် ဇေယျာသီရိမြို့နယ် သာယာကုန်းကျေးရွာအုပ်စု ဝဲကြီးကျေးရွာ၌ ကျေးရွာသူ/ကျေးရွာသား လူဦးရေ (၁၅၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ၊ သဘာဝဘေးအသိပညာပေးဗီနိုင်းပိုစတာများနှင့် ရေသန့်ဆေးများ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
-
အင်္ဂပူမြို့နယ်၊ အိုးကွဲအုပ်စု၊ ရေအိုးစင်ကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ အိုးကွဲအုပ်စု၊ ရေအိုးစင်ကျေးရွာ၌ (၁၉-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးနှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀)ကျပ်တို့အား (၂၂-၂-၂၀၁၈) ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးတွင် တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်း ဒေသကြီး၊ ကဝမြို့နယ်၊ ဈေးဖလုံကျေးရွာ၌ (၂၀-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုးပါ (၃) ပုံး၊ Family Kits (၃)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၇) ရက်စာ (၃၃,၆၀၀) ကျပ်တို့အား (၂၂-၂-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းဆင့်ပွားသင်တန်း၂/၂၀၁၈ ဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၂-၂၀၁၈)ရက်နေ့တွင် သာယာဝတီမြို့၊ ခရိုင်အားကစားခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းဆင့်ပွားသင်တန်း (၂/၂၀၁၈)အား ဖွင့်လှစ်ခဲ့ရာ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်(၈)မြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၄)ဦးခန့်တက်ရောက်ခဲ့ပြီး သင်တန်း ကာလမှာ (၂၁-၂-၂၀၁၈)ရက်မှ(၂၃-၂-၂၀၁၈)ရက်နေ့အထိ (၃)ရက်တာကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ငလျင်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးးရုံးမှ တာဝန်ရှိသူများသည် (၂၂-၂-၂၀၁၈) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ဘီးလင်တန်းရပ်ကွက်၊ တောရဘုန်းကြီး ကျောင်းတွင် လူဦးရေ (၂၀၀) ဦးခန့်အား ငလျင်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)









