=================================================
Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
=================================================
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၂-၂-၂၀၁၈) ရက်နေ့၊ (၁၃း၃၀~၁၅း၀၀) နာရီအချိန်တွင် ဇေယျာသီရိမြို့နယ် သာယာကုန်းကျေးရွာအုပ်စု ဝဲကြီးကျေးရွာ၌ ကျေးရွာသူ/ကျေးရွာသား လူဦးရေ (၁၅၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ၊ သဘာဝဘေးအသိပညာပေးဗီနိုင်းပိုစတာများနှင့် ရေသန့်ဆေးများ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။