
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၂-၂၀၁၈)ရက်နေ့တွင် သာယာဝတီမြို့၊ ခရိုင်အားကစားခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းဆင့်ပွားသင်တန်း (၂/၂၀၁၈)အား ဖွင့်လှစ်ခဲ့ရာ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်(၈)မြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၄)ဦးခန့်တက်ရောက်ခဲ့ပြီး သင်တန်း ကာလမှာ (၂၁-၂-၂၀၁၈)ရက်မှ(၂၃-၂-၂၀၁၈)ရက်နေ့အထိ (၃)ရက်တာကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)