Category Archives: News
-
မီးဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့နယ်၊ သဲဂုဏ်ကျေးရွာ၌ (၁၉-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀) ကျပ်တို့အား (၅-၃-၂၀၁၈) ရက်နေ့တွင် သဲဂုဏ်ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား European External Action ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာဒုတိယမန်းနေးဂျင်းဒါရိုက်တာဖြစ်သူ Mrs. Paola Pampaloni နှင့် အဖွဲ့ လာရောက်တွေ့ဆုံ
၆-၃-၂၀၁၈၊နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား European External Action၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ Mrs. Paola Pampaloni နှင့်အဖွဲ့ကယနေ့နေ့လည်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာန၏ ပဋိသန်ဓတေည်သည်မှ သက်ကြီးရွယ်အိုအထိ လူတိုင်းအခြေခံ လူ့အခွင့်အရေးရရှိရေးဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟိုကော်မတီ၊ လုပ်ငန်း ကော်မတီ(၄)ခုဖွဲ့စည်း၍ ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင် အထည်ဖော်ရေးကော်မတီမှတဆင့် အကြံပြုချက်များအားဦးစားပေးအစီအစဉ်အလိုက် အကောင်အထည် ဖော်ဆောင်ရွက်နေမှုများ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဥက္ကဌအဖြစ်တာဝန်ယူထားသော UEHRD စီမံကိန်းဖြင့် … Read more
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၈)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၌ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအား ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ဌာနဆိုင်ရာ (၅၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ဖက်ရည်နှင့် မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာဟောပြောမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၈)နေ့ (၁၀:၃၀)နာရီမှ (၁၂:၀၀)နာရီထိ ကောလင်းမြို့နယ်၊ ကန်လည်ကြီးကျေးရွာတွင် သဘာဝဘေးအသိပညာများဆွေးနွေးဟောပြောခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျေးရွာနေပြည်သူ (၉၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည့် မြန်မာနိုင်ငံလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များအား လေ့လာဆွေးနွေးမှုသတင်း
ထိုင်းနိုင်ငံ လူမှုဖ့ွံဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဆိုင်ရာ ဗိုလ်ချုပ်ကြီး Anantaporn Kanjanarat ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင် ခရီးရောက်ရှိနေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ၄.၃.၂၀၁၈ ရက်နေ့ ညနေပိုင်းတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင် အထည်ဖော်ရေးကော်မတီ၏ အကြံပေးအဖွဲ့ ဥက္ကဌ၊ ပါမောက္ခ ဒေါက်တာ Surakiart Sathirathai နှင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့် အလမ်းများ အကောင်အထည် … Read more
-
မိုင်းဖြတ်တပ်နယ်နှင့် တာလေတပ်နယ်တို့၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ် အမှတ် (၁၈) စစ်ဆင်ရေးကွပ်ကဲရေးကွပ်ကဲမှုဌာနချုပ်မှ ကျင်းပပြုလုပ်သည့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို (၅-၃-၂၀၁၈) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် မိုင်းဖြတ်တပ်နယ်ရှိ (၅၀၀) ဆံ့ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ အမှတ် (၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စိုးတင့်က အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာရွှေက ရေးဘေး၊ လေဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့လူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၃-၂၀၁၈)ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် မြောက်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော သဘာဝဘေးလျော့ပါးရေးစေတနာ့လူငယ်(ဆင့်ပွား)သင်တန်း ဖွင့်ပွဲအခမ်းအနားကိုပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ခရိုင်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းအခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲ(၂၀)ဦး၊ သင်တန်းသား/သူ(၃၀)ဦး၊ စုစုပေါင်း(၅၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၅-၃-၂၀၁၈)ရက်နေ့မှ (၇-၃-၂၀၁၈)ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
-
ကမ်းပြိုရွှေ့ပြောင်းအိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်၊ သောင်ပြင်ကုန်းအုပ်စု၊ ကန့်လန့်ကုန်းရွာ၌ (၂၈-၂-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုကြိုတင်ရွှေ့ပြောင်း နေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀,၀၀၀) ကျပ်အား (၅-၃-၂၀၁၈) ရက်နေ့ တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပေါင်းတည် မြို့နယ်၊ ကြို့ပင်သာအုပ်စု၊ ခုံကြီးစွန်းကျေးရွာ၌ (၂၈-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ Family Kits (၁)ပုံးနှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၀၆,၃၀၀) ကျပ်တို့အား (၅-၃-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
မီးဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကောင်းမြို့၊ သိုက်ဝါးကုန်းကျေးရွာ၌ (၁၅-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၁)၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀)၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၆,၃၀၀) ကျပ်တို့အား (၅-၃-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)









