၆-၃-၂၀၁၈၊နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား European External Action၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ Mrs. Paola Pampaloni နှင့်အဖွဲ့ကယနေ့နေ့လည်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာန၏ ပဋိသန်ဓတေည်သည်မှ သက်ကြီးရွယ်အိုအထိ လူတိုင်းအခြေခံ လူ့အခွင့်အရေးရရှိရေးဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟိုကော်မတီ၊ လုပ်ငန်း ကော်မတီ(၄)ခုဖွဲ့စည်း၍ ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင် အထည်ဖော်ရေးကော်မတီမှတဆင့် အကြံပြုချက်များအားဦးစားပေးအစီအစဉ်အလိုက် အကောင်အထည် ဖော်ဆောင်ရွက်နေမှုများ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဥက္ကဌအဖြစ်တာဝန်ယူထားသော UEHRD စီမံကိန်းဖြင့် နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေး၊လူသားချင်းစာနာမှု အကူအညီများထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် နေမှုများ၊ ၂၀၁၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော ယာယီကယ်ဆယ်ရေးစခန်းများပိတ်သိမ်း၍ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှုများ၊ ဘင်္ဂလားဒေ့ရှ်-မြန်မာနှစ်နိုင်ငံသဘောတူညီချက်အရ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အတွက် မြန်မာနိုင်ငံဘက်မှအဆင်သင့်ဖြစ်မှု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်နေမှုနှင့် တွေ့ကြုံရသော အခက်အခဲများညှိနှိုင်းနေမှုများ၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ပါဝင်ဆောင်ရွက်ရန် အခြေအနေများ၊ လွတ်လပ်စွာသွားလာ လုပ်ကိုင် ခွင့်နှင့် နိုင်ငံသားဖြစ်မှုစိစစ်ရေးလုပ်ငန်းများအရှိန်မြှင့်တင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်နေမှုများ၊ အကြမ်းဖက်သမားများမဝင်ရောက်နိုင်ရေးအတွက် နယ်စပ်နှင့်ပင်လယ်ပြင်တွင် နှစ်နိုင်ငံ ပူးတွဲကင်းလှည့်မှုနှင့် နယ်မြေအတွင်း Community Policing စနစ်အသုံးပြု၍ လုံခြုံရေးတိုးမြှင့် ဆောင်ရွက် နေမှုများ၊ နယ်မြေအတွင်းပညာရေးနှင့်ကျန်းမာရေးဝန်ဆောင်မှုရရှိနိုင်ရေး၊ အလုပ်အကိုင်ဖန်တီးနိုင်ရေး စီစဉ် ဆောင်ရွက်နေမှုများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာမည့် အသက် (၂) နှစ်အောက် ကလေး သူငယ်များအားငွေကြေးအထောက်အပံ့ပေးခြင်းအစီအစဉ်ကိုရခိုင်ပြည်နယ်၊ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေနှင့်အညီ ယခင်ထက်ပိုမိုကောင်းမွန်သော ကျေးရွာများတည်ဆောက်ရန် မြေနေရာရှင်းလင်းဆောင်ရွက် နေမှုများ၊ လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ချဉ်းကပ် ဆောင်ရွက်နေမှုများ၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များနှင့် ပြန်လည်နေရာချထားရေးဆောင်ရွက်နေမှုများ အားမျက်မြင်သိရှိစေရန် နိုင်ငံတကာသံအမတ်များနှင့် စာနယ်ဇင်းမီဒီယာတို့အား ရခိုင်ပြည်နယ်အတွင်း လေ့လာရေးခရီးစဉ်များစီစဉ်ဆောင်ရွက်ပေးနေမှုများ၊ ထိုင်းနိုင်ငံမှ မြန်မာပြည်တွင်း ပြန်လည်ဝင်ရောက် လိုသော မြန်မာနိုင်ငံသားနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စများ၊ ဥရောပသမဂ္ဂအနေဖြင့် မြန်မာ နိုင်ငံအား ကူညီပံ့ပိုးပေးနိုင်မည့်နည်းလမ်းများအား ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။