Category Archives: News
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၃-၂၀၁၈)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် ပုသိမ်မြို့နယ်၊ ကျောက်ချောင်း ကြီးကျေးရွာအုပ်စု၊ ကျောက်ချောင်း ကြီးကျေးရွာ၊ ရွှေပုတ်သင်ဓမ္မာရုံ၌ ပြည်သူလူထု(၁၃၀)ဦးအားလည်းကောင်း၊ (၁၃း၀၀)နာရီအချိန်တွင် ကြောင်ပန်းကုန်းကျေးရွာအုပ်စု၊ ကြောင်ပန်းကုန်းကျေးရွာ ဓမ္မာရုံ၌ပြည်သူလူထု(၁၀၀)ဦးအားလည်းကောင်း သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်ခြင်း၊ ဦးစီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊ အဖြစ်များသော ဘေးအန္တရာယ်များ၏ ဆောင်ရန်/ ရှောင်ရန်အကြောင်းအရာများကို ဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်း ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ယာယီမြို့နယ်ရုံးဖွင့်လှစ်မှုမိတ်ဆက်ပွဲအခမ်းအနားကျင်းပမှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ယာယီမြို့နယ်ရုံး ဖွင့်လှစ်မှုနှင့် ပတ်သက်၍ မိတ်ဆက်ခြင်းကို မတ် ၆ ရက် နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်းက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မိတ်ဆက်ပေးပြီး ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လေးရွှေဇင်ဦးက ဌာန၏လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကို မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)တွင် ယာယီရုံးအဖြစ် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်ဆီးမှု … Read more
-
နယ်စပ်ဧရိယာ ‘zero line’ အနီးသို့သွားရောက်၍ ကြည့်ရှုလေ့လာမှုသတင်း
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းတွင် ရောက်ရှိတာဝန်ထမ်းဆောင်နေသော လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ သည် (၅-၃-၂၀၁၈) ရက်နေ့ ညနေ (၁၆း၀၀) နာရီအချိန်မှ (၁၆း၃၀) နာရီအချိန်အထိ မောင်တောခရိုင်၊ ဒုတိယ အုပ်ချုပ်ရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ပါဝင်သောအဖွဲ့ဝင်များနှင့်အတူ နယ်စပ်ဧရိယာ zero line အနီးသို့ သွားရောက်၍ ကြည့်ရှုလေ့လာ ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဆူနာမီဘေးဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် သဘာဝဘေးလျော့ပါးရေးအသိပညာပေး ဆွေးနွေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၁၈)ရက်နေ့တွင် ဒေးဒရဲမြို့နယ် သောကြာကျေးရွာအုပ်စု၊ သောကြာကျေးရွာ၌ ကျေးရွာသူ၊ ကျေးရွာသား (၂၅၀)ဦးတို့ဖြင့် ဆူနာမီဘေးဇာတ်တိုက်လေ့ကျင့်ခြင်းအား ပြုလုပ်ခဲ့ရာ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက် သဘာဝဘေးအသိပညာများလည်းဟောပြောခဲ့ပြီး လက်ကမ်းစာ စောင်၊ ပိုစတာ၊ ဗီနိုင်းများလည်းဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်း (၁/၂၀၁၈) ဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၆-၃-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း(၁/၂၀၁၈) အား ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးဌာန၊ လမ်းဦးစီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး၊ စီမံကိန်းဦးစီး၊ ပညာရေးဌာန၊လျှပ်စစ်ဌာနတို့မှ ကိုယ်စားလှယ်များနှင့် မြို့နယ်ဥပဒေအရာရှိတို့ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်း ဦးစီးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းသို့ သင်တန်း သား/သင်တန်းသူ (၃၀) ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၈) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပြည်မြို့၊ မြို့နယ်ထွေ/အုပ် ပုလဲသီတာခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအား ဖွင့်လှစ်ခဲ့ရာ ပြည်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ပြည်ခရိုင် ဦးစီးမှူးတို့မှ သင်တန်းဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ သင်တန်းသား/သင်တန်းသူများ၊ နည်းပြများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုစုပေါင်း (၆၀) ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၆-၃-၂၀၁၈) နေ့မှ (၈-၃-၂၀၁၈) ရက်နေ့အထိ (၃) ရက်ဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိပါ သည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၈)ရက်နေ့၊ (၁၂း၃၀)နာရီ အချိန်မှ (၁၃း၃၀) နာရီအချိန်ထိ မော်လိုက်မြို့နယ်၊ တိန်းသာကျေးရွာ စာသင်ကျောင်းဟောင်းတွင် ကျေးရွာသူ၊ ကျေးရွာသား (၅၀)ဦးအား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်အသိပညာပေး ဆွေးနွေးဟောပြောပွဲပြုလုပ်မှု သတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၈)ရက်နေ့၊ (၁၀း၃၀) နာရီ အချိန်မှ (၁၁း၃၀)နာရီအချိန်ထိ မော်လိုက်မြို့နယ်၊ ရှားပင်ကျေးရွာ ဓမ္မာရုံတွင် ကျေးရွာသူ၊ ကျေးရွာသား (၇၅)ဦးအား ငလျင် အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၊ တောင်ပေါ်ဒေသ၊ နမ့်ရှိအုပ်စု၊ ခိုလုံကျေးရွာ၌ (၂-၃-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွား ခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၂) စု၊ လူဦးရေ (၁၄) ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၂၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၉,၄၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန #(ယခင်) ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ #(ယခု) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူး (ဝင်ပေါက်) ရာထူး (၄၄) နေရာ ရေးဖြေအောင်မြင်သူများစာရင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန #(ယခင်) ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ #(ယခု) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူး (ဝင်ပေါက်) ရာထူး (၄၄) နေရာ ရေးဖြေအောင်မြင်သူများစာရင်း









