သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၃-၂၀၁၈)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် ပုသိမ်မြို့နယ်၊ ကျောက်ချောင်း ကြီးကျေးရွာအုပ်စု၊ ကျောက်ချောင်း ကြီးကျေးရွာ၊ ရွှေပုတ်သင်ဓမ္မာရုံ၌ ပြည်သူလူထု(၁၃၀)ဦးအားလည်းကောင်း၊ (၁၃း၀၀)နာရီအချိန်တွင် ကြောင်ပန်းကုန်းကျေးရွာအုပ်စု၊ ကြောင်ပန်းကုန်းကျေးရွာ  ဓမ္မာရုံ၌ပြည်သူလူထု(၁၀၀)ဦးအားလည်းကောင်း သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်ခြင်း၊ ဦးစီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊  အဖြစ်များသော ဘေးအန္တရာယ်များ၏ ဆောင်ရန်/ ရှောင်ရန်အကြောင်းအရာများကို ဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်း ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events