
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ယာယီမြို့နယ်ရုံး ဖွင့်လှစ်မှုနှင့် ပတ်သက်၍ မိတ်ဆက်ခြင်းကို မတ် ၆ ရက် နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်းက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မိတ်ဆက်ပေးပြီး ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လေးရွှေဇင်ဦးက ဌာန၏လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကို မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)တွင် ယာယီရုံးအဖြစ် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်ဆီးမှု ဖြစ်ပွားလာပါက ကူညီထောက်ပံ့ရန်နှင့် ပြည်သူလူထုများအား ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)