ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၂-၂၀၁၈)ရက်နေ့တွင် ဒေးဒရဲမြို့နယ် သောကြာကျေးရွာအုပ်စု၊ သောကြာကျေးရွာ၌ ကျေးရွာသူ၊ ကျေးရွာသား (၂၅၀)ဦးတို့ဖြင့် ဆူနာမီဘေးဇာတ်တိုက်လေ့ကျင့်ခြင်းအား ပြုလုပ်ခဲ့ရာ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက် သဘာဝဘေးအသိပညာများလည်းဟောပြောခဲ့ပြီး လက်ကမ်းစာ စောင်၊ ပိုစတာ၊ ဗီနိုင်းများလည်းဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)