သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၈) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပြည်မြို့၊ မြို့နယ်ထွေ/အုပ် ပုလဲသီတာခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအား ဖွင့်လှစ်ခဲ့ရာ ပြည်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ပြည်ခရိုင် ဦးစီးမှူးတို့မှ သင်တန်းဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ သင်တန်းသား/သင်တန်းသူများ၊ နည်းပြများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုစုပေါင်း (၆၀) ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၆-၃-၂၀၁၈) နေ့မှ (၈-၃-၂၀၁၈) ရက်နေ့အထိ (၃) ရက်ဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိပါ သည်။

Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events