Category Archives: News
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး၊ Centre for Humanitarian Dialogue နှင့် ကချင်ပြည်နယ်မှ အမျိုးသမီးခေါင်းဆောင်များ၊ ကချင်ပြည်နယ် အခြေစိုက် အရပ်ဘက် အဖွဲ့အစည်းမှခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးအတွက် ကျား၊မတန်းတူရေးမဟာမိတ်မှ ကိုယ်စားလှယ်များပါဝင်သောအဖွဲ့များမှ သီးခြားစီလာရောက်တွေ့ဆုံ
၉.၅.၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ သြစတေးလျသံအမတ်ကြီးH.E . Mr. Nicholas Coppel၊ Centre for Humanitarian Dialogue မှ Myanmar Country Representative ဖြစ်သူ Mr. Adam Cooper နှင့်ကချင်ပြည်နယ်မှ အမျိုးသမီးခေါင်းဆောင်များ၊ ကချင်ပြည်နယ်အခြေစိုက်အရပ်ဘက် အဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးအတွက် ကျား၊မတန်းတူရေးမဟာမိတ်မှ ကိုယ်စားလှယ်များပါဝင်သော အဖွဲ့များကယနေ့ နေ့လည်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌သီးခြားစီလာရောက် တွေ့ဆုံပါသည်။ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး … Read more
-
လေဘေးထောက်ပံ့ပေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆိပ်ဖြူမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာအုပ်စု၊ သက္ကယ်ကျင်းကျေးရွာတွင် (၈-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန် အိမ်ခြေ (၂၅)လုံး၊ အိမ်ထောင်စု(၂၅)စု၊ လူဦးရေ (၇၉)ဦး ဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုး (၇၁၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၆၅၉၀၀ိ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ စုစုပေါင်း (၈၇၅၉၀၀ိ/) (ကျပ်ရှစ်သိန်းခုနှစ်သောင်းငါးထောင့်ကိုးရာတိတိ)တို့အား (၉-၅-၂၀၁၈) ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_may2018 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သရက်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၅.၂၀၁၈)ရက်နေ့၊ လေပြင်းတိုက်ခတ်မှုကြောင့် ဆင်ပေါင်ဝဲမြို့နယ်၊ ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာ(၇)ရွာတို့တွင် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း၊ နေအိမ်(၂၀)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ(၂၀)လုံး၊ အိမ်ထောင်စု(၂၀)စု၊ လူဦးရေ(၁၀၀)ဦး ဘေးသင့့်ခဲ့ရာ ဘေးသင့်လူဦးရေ(၁၀၀)ဦး အတွက်ဆန်ရိက္ခာဖိုး (၇)ရက်စာ ၂၁၀၀၀၀ိ/-၊ နေအိမ်(၂၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၄၀၀၀၀၀ိ/-၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက် ပစ္စည်းဖိုး ၅၀၀၀၀ိ/-၊ ရန်ပုံငွေစုစုပေါင်း ၆၆၀၀၀၀ိ/- နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၂၀)အိမ်ထောင်စာတို့ကို (၉.၅.၂၀၁၈)ရက်နေ့တွင် ဆင်ပေါင်ဝဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဆိုင်ကလုန်းမုန်တိုင်းဘေးအန္တရာယ်တုံ့ပြန်မှု သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဖွင့်ပွဲအခမ်းအနားကျင်းပမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် SDC အဖွဲ့တို့ ပူးပေါင်း၍ (၉.၅.၂၀၁၈) ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းဘေးအန္တရာယ်တုံ့ပြန်မှုသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဖွင့်ပွဲအခမ်းအနားအား မော်လမြိုင်မြို့၊ ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာဌာနများ၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်း(၆၀)ဦးတက်ရောက်ခဲ့ပြီး လေ့ကျင့်ခန်းကာလ မှာ(၉.၅.၂၀၁၈)ရက်နေ့မှ(၁၁.၅.၂၀၁၈)ရက်နေ့ထိ (၃)ရက်တာကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ #simex_str #mon_may2018 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ တောင်ကလေးကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာ၌ (၈-၅-၂၀၁၈) ရက်နေ့ (၂၁း၄၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့ သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၆,၈၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၁၆,၈၀၀ိ/-) ကျပ်တို့အား (၉-၅-၂၀၁၈) ရက်နေ့ (၁၂း၀၀) နာရီအချိန်တွင် … Read more
-
စလင်းမြို့နယ် လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကျေးရွာ (၁၄) ရွာတို့တွင် (၇-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုကျနေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-)ကျပ်၊ အမိုးလန်နေအိမ် (၃၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၈၀,၀၀၀ိ/-) ကျပ်၊ ဘုန်းတော်ကြီး ကျောင်း (၁) ကျောင်း အတွက် ကျောင်းဆောက်အလှူငွေ (၅၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၁၃၄) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၈၁,၄၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၁၁၁,၄၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ဆင်လမ်းကြီးကျေးရွာအုပ်စု၊ ဆင်လမ်းကြီးကျေးရွာ၌ (၄-၅-၂၀၁၈)ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-)၊ တစိတ်တပိုင်းပျက်စီးနေအိမ် (၁၁) လုံး၊ အိမ်ထောင်စု (၁၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၁၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၅၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၃၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ … Read more
-
ရေနံချောင်းမြို့နယ် ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ကျေးရွာ(၂)ရွာတို့တွင် (၇-၅-၂၀၁၈)ရက်နေ့နှင့် (၈-၅-၂၀၁၈)ရက်နေ့ထိ ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် အိမ်ခြေ(၁၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၂၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ(၄၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၉၆,၆၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၂၉၆,၆၀၀ိ/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ထောင်စု (၁၂)စုစာတို့အား (၉-၅-၂၀၁၈)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_may2018 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ (ဇရပ်လှကြီး၊ ကျုံတိုင်းကြီး၊ မိုးကုတ်) ကျေးရွာအုပ်စုတို့၌ (၃-၅-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် (၁၀) လုံး၊ အိမ်ထောင်စု (၁၀) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၁၀) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀ိ/-)ကျပ်၊ တစိတ်တပိုင်းပျက်စီးနေအိမ်(၁၈) လုံး၊ အိမ်ထောင်စု (၁၈) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၁၈) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၄၅၀,၀၀၀ိ/-) လူဦးရေ (၁၄၀) ဦးအတွက် … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဂုံမင်းဆိပ်ကျေးရွာအုပ်စု၊ အပြင်ဝဲဒေါင့်ကျေးရွာ၌ (၃၀-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့ သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၆) လုံး၊ အိမ်ထောင်စု (၆) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၂၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၈,၃၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၆၄၈,၃၀၀ိ/-) ကျပ်တို့အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၏ ကိုယ်စားလှယ်၊ ညောင်တုန်းမြို့နယ်၊ … Read more









