ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဂုံမင်းဆိပ်ကျေးရွာအုပ်စု၊ အပြင်ဝဲဒေါင့်ကျေးရွာ၌ (၃၀-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့ သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၆) လုံး၊ အိမ်ထောင်စု (၆) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၂၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၈,၃၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၆၄၈,၃၀၀ိ/-) ကျပ်တို့အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၏ ကိုယ်စားလှယ်၊ ညောင်တုန်းမြို့နယ်၊ ထွေ/အုပ်မှ တာဝန်ရှိသူများနှင့်အတူ (၈-၅-၂၀၁၈) ရက်နေ့ (၁၀း၀၀) နာရီအချိန်တွင် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_rbe
#ayy_may2018

Sign Up

Upcoming Events