၉.၅.၂၀၁၈၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ သြစတေးလျသံအမတ်ကြီးH.E . Mr. Nicholas Coppel၊ Centre for Humanitarian Dialogue မှ Myanmar Country Representative ဖြစ်သူ Mr. Adam Cooper နှင့်ကချင်ပြည်နယ်မှ အမျိုးသမီးခေါင်းဆောင်များ၊ ကချင်ပြည်နယ်အခြေစိုက်အရပ်ဘက် အဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးအတွက် ကျား၊မတန်းတူရေးမဟာမိတ်မှ ကိုယ်စားလှယ်များပါဝင်သော အဖွဲ့များကယနေ့ နေ့လည်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌သီးခြားစီလာရောက် တွေ့ဆုံပါသည်။
မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး H.E. Mr. Nicholas Coppelနှင့်တွေ့ဆုံရာတွင် သြစတြေးလျ နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံ အတွင်းရှိ လူသားချင်းစာနာမှုအကူအညီလိုအပ်နေသောသူများအား ကူညီထောက်ပံ့နိုင်ရန် အမေရိကန် ဒေါ်လာ (၁၃)သန်းအားလူသားချင်းစာနာကူညီမှု များဆောင်ရွက်နေသော အဖွဲ့အစည်းမှတဆင့် ထောက်ပံ့ ပေးသွားမည့်ကိစ္စများ၊ အကောင်အထည်ဖေါ်မည့်အဖွဲ့အစည်းများ၏ ၄၀ရာခိုင်နှုန်းမှာအစိုးရမဟုတ်သော မြန်မာအဖွဲ့အစည်းများဖြစ်ပါကြောင်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြန်မာနိုင်ငံအတွင်းဒုက္ခသည်စခန်းများတွင် နေထိုင်နေသည့် ပြန်လည်ဝင်ရောက်လိုသူများအားထပ်မံခေါ်ဆောင်နိုင်ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူပါ ကြောင်းပြောကြားပြီး၎င်းတို့အတွက် ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် သက်မွေး ဝမ်းကျောင်းလုပ်ငန်းများဖန်တီးနိုင်ရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်းနေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးအစီအစဉ်တွင် UNHCR နှင့် UNDP တို့ ပူးပေါင်းပါဝင်နိုင်ရေး နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးမည့်ကိစ္စများ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်(၂)နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် မေလ (၁၇) ရက်နေ့တွင် ကျင်းပမည့်ကိစ္စများ၊ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များထဲမှတစ်ခုဖြစ်သည့်(၂၀၁၂)ခုနှစ်တွင် ဖွင့်လှစ်ခဲ့သောကယ်ဆယ်ရေး စခန်းများ ပိတ်သိမ်းရေးအား အကောင်အထည်ဖေါ်ဆောင်ရွက်နေပြီး ပြန်လည်နေရာချထားရေးအား စနစ် တကျဆောင်ရွက်နေမှုများ၊ယခုနှစ်အတွင်းစခန်း(၄)ခုအားထပ်မံပိတ်သိမ်းမည့်လုပ်ငန်းများ၊ ၎င်းတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာသင်ကြားခွင့်နှင့် သက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖန်တီးရေး ဆောင်ရွက် နေမှုများ၊ ဒေသဆိုင်ရာအာဏာပိုင်များ၏ထောက်ခံမှုဖြင့် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်ရရှိရေး ဆောင်ရွက် နေမှုများ၊ UEHRD ၏လုပ်ငန်းအဖွဲ့ (၁၁) ဖွဲ့မှတဆင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေမှုများ အားရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ Centre for Humanitarian Dialogue နှင့်တွေ့ဆုံရာတွင် Centre for Humanitarian Dialogueအနေဖြင့် ရခိုင်ပြည်နယ်အတွင်းအကောင်အထည်ဖေါ်ဆောင်ရွက်မည့် စီမံကိန်း(၃)ခုနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များအား ကနဦးအကောင်အထည်ဖေါ်မည့်စံပြ မြို့နယ် တစ်ခုရွေးချယ်သတ်မှတ်ရေး၊ စီမံကိန်းအကောင်အထည်ဖေါ်ရေးအတွက် လုပ်ငန်းအဖွဲ့နှင့် အကောင် အထည်ဖေါ်ဆောင်ရေးအဖွဲ့အား သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းသွားမည့်ကိစ္စများ၊ လူ့အဖွဲ့အစည်းအတွင်းသဟဇာတဖြစ်ရေးချဉ်းကပ်နည်းများစွာဖြင့် ကြိုးပမ်းနေမှု များနှင့် ဒေသတွင်းရှိ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ရပ်ရွာခေါင်းဆောင်များအားစွမ်းပကားမြှင့်တင်ရေးအစီ အစဉ်များကိုဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ကချင်ပြည်နယ်မှ အမျိုးသမီးခေါင်းဆောင်များ၊ ကချင်ပြည်နယ်အခြေစိုက် အရပ်ဘက် အဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးအတွက် ကျား၊မတန်းတူရေးမဟာမိတ်မှ ကိုယ်စားလှယ် များနှင့် တွေ့ဆုံရာတွင်ကချင်ပြည်နယ်အတွင်းလက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာပြည်သူများ အားလူသားချင်းစာနာကူညီမှုများထောက်ပံ့နိုင်ရေး၊ အခြားသောနေရာများတွင် ခိုလှုံနေသော နေရပ်စွန့်ခွာ ပြည်သူများ အားလုံခြုံစိတ်ချ၍ အထောက်အပံ့များရရှိမည့် ယာယီခိုလှုံရေးစခန်းများထားရှိနိုင်ရေး၊ အင်ဂျန်း ယန်ရှိ နေရပ်စွန့်ခွာ ပြည်သူများထံသို့ လိုအပ်သောအ ကူအညီများပေးနိုင်ရေး၊ ယာယီခိုလှုံရေးစခန်းများတွင် လူကုန်ကူးမှုများနှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှုများအားဟန့်တားကာကွယ်နိုင်ရေး၊ ရာသီဥတုဒဏ်မှ ကာကွယ်ပေးနိုင်မည့် ယာယီအဆောက်အဦးများတွင် နေထိုင်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင် ရေး၊ နေရပ်စွန့်ခွာကလေးများအတွက် ပညာဆက်လက်သင်ကြားခွင့်ရရှိရေးကိစ္စများ၊ တနိုင်းတွင် ကယ်ဆယ် ရေးစခန်းဖွင့်လှစ်ခွင့်မရ၍ နေရပ်စွန့်ခွာသူများထံလူသားချင်းစာနာမှု အကူအညီပေးရေးအခက်အခဲကြုံတွေ့ နေသည့်အခြေအနေများနှင့် လူမှုအဖွဲ့အစည်းများမှ နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းချိတ်ဆက်၍ ကြိုးပမ်း ဆောင်ရွက်ရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။