
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၅.၂၀၁၈)ရက်နေ့၊ လေပြင်းတိုက်ခတ်မှုကြောင့် ဆင်ပေါင်ဝဲမြို့နယ်၊ ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာ(၇)ရွာတို့တွင် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း၊ နေအိမ်(၂၀)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ(၂၀)လုံး၊ အိမ်ထောင်စု(၂၀)စု၊ လူဦးရေ(၁၀၀)ဦး ဘေးသင့့်ခဲ့ရာ ဘေးသင့်လူဦးရေ(၁၀၀)ဦး အတွက်ဆန်ရိက္ခာဖိုး (၇)ရက်စာ ၂၁၀၀၀၀ိ/-၊ နေအိမ်(၂၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၄၀၀၀၀၀ိ/-၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက် ပစ္စည်းဖိုး ၅၀၀၀၀ိ/-၊ ရန်ပုံငွေစုစုပေါင်း ၆၆၀၀၀၀ိ/- နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၂၀)အိမ်ထောင်စာတို့ကို (၉.၅.၂၀၁၈)ရက်နေ့တွင် ဆင်ပေါင်ဝဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။