ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ (ဇရပ်လှကြီး၊ ကျုံတိုင်းကြီး၊ မိုးကုတ်) ကျေးရွာအုပ်စုတို့၌ (၃-၅-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် (၁၀) လုံး၊ အိမ်ထောင်စု (၁၀) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၁၀) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀ိ/-)ကျပ်၊ တစိတ်တပိုင်းပျက်စီးနေအိမ်(၁၈) လုံး၊ အိမ်ထောင်စု (၁၈) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၁၈) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၄၅၀,၀၀၀ိ/-) လူဦးရေ (၁၄၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၉၄,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၂၄၄,၀၀၀ိ/-)ကျပ်တို့အား (၈-၅-၂၀၁၈)ရက်နေ့(၁၂း၀၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ်၊ ထွေ/အုပ်မှ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#ayy_may2018