Category Archives: News
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမ်းမြို့နယ်၊ တိုက်မော်ကျေးရွာနှင့် ဝက်မြီးတိုကျေးရွာတို့တွင် (၁၃-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် လုံးဝပျက်စီးနေအိမ် (၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၅) အိမ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စာ၊ နေအိမ် (၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၂၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅၈,၈၀၀ိ/-) ကျပ်တို့အား (၁၅-၅-၂၀၁၈) ရက်နေ့တွင် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်အတွင်းရှိ အမှတ် (၃) ရပ်ကွက်၊ မဲဇလီကုန်းကျေးရွာ၊ စစ်ပင်ကြီးကျေးရွာ၊ မန်တိုင်ကျေးရွာ၊ စစ်ဆင်ကျေးရွာ၊ ကွင်းလယ်စုကျေးရွာ၊ ခေနန်ကျေးရွာတို့၌ (၁၁-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုကျပျက်စီးနေအိမ် (၁၇) လုံးအတွက် Family Kits (၂၆) မျိုးပါ (၁၇)ပုံး၊ အမိုးလန်နေအိမ် (၃၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃၆)ပုံး၊ လူဦးရေ (၁၉၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄၀၅,၃၀၀ိ/-) ကျပ်၊ ပြိုကျနေအိမ် … Read more
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့သဖြင့် အသက်ဆုံးရှုံးခဲ့ရသူများနှင့် ဒဏ်ရာရရှိခဲ့သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုသတင်း
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ ပန်ခန်းကျေးရွာအုပ်စု၊ မန့်ပိန်းရပ်ကွက်တွင်(၁၂-၅-၂၀၁၈)ရက်နေ့နံနက် (၅)နာရီ (၁၅)မိနစ် ခန့်တွင် ကေအိုင်အေ/တီအန်အယ်လ်အေလက်နက်ကိုင် အဖွဲ့၏ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်(၁)ဦး၊ ပြည်သူ့စစ်(၄)ဦး၊ ပြည်သူ (၁၄)ဦး စုစုပေါင်း(၁၉)ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်နှင့် ပြည်သူ(၂၇)ဦးတို့ ဒဏ်ရာရရှိခဲ့သဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၁၈)ရက်နေ့တွင် မူဆယ်မြို့သို့ရောက်ရှိပြီး ထောက်ပံ့မှုများ ဆောင်ရွက်လျှက်ရှိရာ ယနေ့ဆက်လက်၍ သေဆုံးသူ(၁၇)ဦးအတွက် တစ်ဦးလျှင် (၃၀၀,၀၀၀ိ/-) (ကျပ်သုံးသိန်းတိတိ)နှုန်းဖြင့် (၅,၁၀၀,၀၀၀ိ/-) (ကျပ်ငါးဆယ့်တစ်သိန်းတိတိ)၊ ဒဏ်ရာရသူ(၂၄)ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀ိ/-)နှုန်းဖြင့် … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး H.E. Ms. Tone Tinnes လာရောက်တွေ့ဆုံ
၁၄.၅.၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး H.E. Ms. Tone Tinnes က ယနေ့ ညနေပိုင်းတွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပြုချက်များအား ဦးစားပေး အစီအစဉ်အလိုက် အကောင်အထည်ဖေါ်ရာတွင် နိုင်ငံသားစိစစ်ရေးလုပ်ငန်း၊ လွတ်လပ်စွာသွားလာခွင့်ရရှိ စေရေးနှင့် ၂၀၁၂ ခုနှစ်က ဖွင့်လှစ်ခဲ့သော ကယ်ဆယ်ရေးစခန်းများ ပိတ်သိမ်းရေးတို့အတွက် ညှိနှိုင်း ဆောင်ရွက်နေမှုများ၊ စခန်းများပိတ်သိမ်းရေးဆောင်ရွက်ရာတွင် စခန်းတွင်းနေထိုင်သူများအတွက် ပြန်လည် နေရာချထားရေးအစီအစဉ်အား ၎င်းတို့၏ သဘောတူညီချက်ဖြင့်ဆောင်ရွက်နေမှုများ၊ … Read more
-
လေပြင်းဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူမြို့နယ်၊ ကျေးရွာအုပ်စု (၅) စုတွင် (၉-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၃၉) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၃၉) အိမ်ထောင်စာနှင့် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁,၁၁၀,၀၀၀ိ/-) ကျပ်တို့အား (၁၄-၅-၂၀၁၈) ရက်နေ့တွင် ကန့်ဘလူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #sgg_may2018
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၁၈) ရက်နေ့၊ (၀၁း၃၀) နာရီအချိန်၌ တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့နယ်ခွဲမှ ကြွေပန်းကန်ချောင်းကျေးရွာအုပ်စုမှ နေအိမ် (၁၅) လုံး၊ ရေပေါ်သောင်ကျေးရွာအုပ်စုမှ နေအိမ် (၂၁) လုံး၊ ငါးလာချောင်းကျေးရွာအုပ်စုမှ နေအိမ် (၄) လုံး၊ စုစုပေါင်း နေအိမ် (၄၀) လုံးမှာ အလုံးလိုက် ပြိုလဲခြင်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးခြင်းနှင့် အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး အိမ်ထောင်စု (၄၀) စုမှ လူဦးရေ (၁၆၂) ဦးအတွက် … Read more
-
မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တော်မြို့နယ်၊ မီးဝကျေးရွာတွင် (၁၂-၅-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ်ခြေ(၆)လုံး၊ အိမ်ထောင်စု(၆)စု၊ လူဦးရေ(၂၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ ဆန်ရိက္ခာ(၇)ရက်စာ(၅၀၄၀၀ိ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး(၉၀၀၀၀ိ/-)ကျပ်တို့အား (၁၄-၅-၂၀၁၈)ရက် နေ့ မွန်းလွဲ(၂း၄၅)အချိန်တွင် ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ #ha_sgw #rke_may2018 Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၁၈) ရက်နေ့ (၀၉း၀၀) နာရီအချိန်တွင် ခန္တီးမြို့၊ အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ (Grade-2) မွမ်းမံ သင်တန်းတက်ရောက်နေသော ဆရာ/ဆရာမ (၂၃၅) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #sgg_may2018
-
ပွင့်ဖြူမြို့နယ်လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ ကျေးရွာ (၃၂) ရွာတို့တွင် (၁၀-၅-၂၀၁၈) ရက်နေ့နှင့် (၁၁-၅-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုကျနေအိမ် (၁၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၁၈) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၀၀,၀၀၀ိ/-)ကျပ်၊ အမိုးလန်နေအိမ် (၂၇၉) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၂၇၉) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅,၅၈၀,၀၀၀ိ/-) ကျပ်၊ ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းအတွက် ကျောင်းဆောက်အလှူငွေ (၁၅၀,၀၀၀ိ/-) ကျပ်၊ … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာများဆွေးနွေးဟောပြောမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄.၅.၂၀၁၈) နေ့တွင် အင်းတော်မြို့နယ် ကျောင်း အုပ်စုအဆင့်(G-2) သင်ရိုးသစ်ဆွေးနွေးပွဲသင်တန်းမှ ဆရာ/ဆရာမ (၃၀၀)ကျော်အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာများဆွေးနွေး ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2018 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)









