လေဘေးထောက်ပံ့မှုသတင်း

14 Pic 02
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၁၈) ရက်နေ့၊ (၀၁း၃၀) နာရီအချိန်၌ တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့နယ်ခွဲမှ ကြွေပန်းကန်ချောင်းကျေးရွာအုပ်စုမှ နေအိမ် (၁၅) လုံး၊ ရေပေါ်သောင်ကျေးရွာအုပ်စုမှ နေအိမ် (၂၁) လုံး၊ ငါးလာချောင်းကျေးရွာအုပ်စုမှ နေအိမ် (၄) လုံး၊ စုစုပေါင်း နေအိမ် (၄၀) လုံးမှာ အလုံးလိုက် ပြိုလဲခြင်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးခြင်းနှင့် အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး အိမ်ထောင်စု (၄၀) စုမှ လူဦးရေ (၁၆၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၄၀,၂၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၀၀၀,၀၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၄၀) အိမ်ထောင်စာ တို့အား (၁၄-၅-၂၀၁၈) ရက်နေ့တွင် သက်ဆိုင်ရာမြို့နယ်မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#ygn_may2018

Sign Up

Upcoming Events