ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့သဖြင့် အသက်ဆုံးရှုံးခဲ့ရသူများနှင့် ဒဏ်ရာရရှိခဲ့သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုသတင်း

15_Pic_02

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ ပန်ခန်းကျေးရွာအုပ်စု၊ မန့်ပိန်းရပ်ကွက်တွင်(၁၂-၅-၂၀၁၈)ရက်နေ့နံနက် (၅)နာရီ (၁၅)မိနစ် ခန့်တွင် ကေအိုင်အေ/တီအန်အယ်လ်အေလက်နက်ကိုင် အဖွဲ့၏ ပစ်ခတ်မှုကြောင့်   ရဲတပ်ဖွဲ့ဝင်(၁)ဦး၊ ပြည်သူ့စစ်(၄)ဦး၊ ပြည်သူ (၁၄)ဦး စုစုပေါင်း(၁၉)ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်နှင့် ပြည်သူ(၂၇)ဦးတို့ ဒဏ်ရာရရှိခဲ့သဖြင့်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၁၈)ရက်နေ့တွင် မူဆယ်မြို့သို့ရောက်ရှိပြီး ထောက်ပံ့မှုများ ဆောင်ရွက်လျှက်ရှိရာ ယနေ့ဆက်လက်၍   သေဆုံးသူ(၁၇)ဦးအတွက် တစ်ဦးလျှင် (၃၀၀,၀၀၀ိ/-) (ကျပ်သုံးသိန်းတိတိ)နှုန်းဖြင့် (၅,၁၀၀,၀၀၀ိ/-) (ကျပ်ငါးဆယ့်တစ်သိန်းတိတိ)၊ ဒဏ်ရာရသူ(၂၄)ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀ိ/-)နှုန်းဖြင့် (၁,၂၀၀,၀၀၀ိ/-) (ကျပ်တစ်ဆယ့်နှစ်သိန်းတိတိ) စုစုပေါင်းငွေကျပ် (၆,၃၀၀,၀၀၀ိ/-) (ကျပ်ခြောက်ဆယ့်သုံးသိန်းတိတိ)အား  ထောက်ပံ့ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။

#otr
#shn_may2018
Source:  DDM

Sign Up

Upcoming Events