လေဘေးထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်အတွင်းရှိ အမှတ် (၃) ရပ်ကွက်၊ မဲဇလီကုန်းကျေးရွာ၊ စစ်ပင်ကြီးကျေးရွာ၊ မန်တိုင်ကျေးရွာ၊ စစ်ဆင်ကျေးရွာ၊ ကွင်းလယ်စုကျေးရွာ၊ ခေနန်ကျေးရွာတို့၌ (၁၁-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုကျပျက်စီးနေအိမ် (၁၇) လုံးအတွက် Family Kits (၂၆) မျိုးပါ (၁၇)ပုံး၊ အမိုးလန်နေအိမ် (၃၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃၆)ပုံး၊ လူဦးရေ (၁၉၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄၀၅,၃၀၀ိ/-) ကျပ်၊ ပြိုကျနေအိမ် (၁၇) လုံး၊ အမိုးလန် (၃၆) လုံး၊ အမိုးလန် ဘုန်းကြီးကျောင်း (၁) ကျောင်း၊ ဓမ္မာရုံ (၁) လုံးအတွက် ထောက်ပံ့ငွေ (၄,၀၁၇,၆၀၀ိ/-) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၄,၄၂၂,၉၀၀ိ/-) ကျပ်အားလည်းကောင်း၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာ၌ မိုးကြိုးထိမှန် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်တို့အား (၁၄-၅-၂၀၁၈) ရက်နေ့တွင် တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ သာပေါင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူ များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#ayy_may2018

Sign Up

Upcoming Events