၁၄.၅.၂၀၁၈၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး H.E. Ms. Tone Tinnes က ယနေ့ ညနေပိုင်းတွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပြုချက်များအား ဦးစားပေး အစီအစဉ်အလိုက် အကောင်အထည်ဖေါ်ရာတွင် နိုင်ငံသားစိစစ်ရေးလုပ်ငန်း၊ လွတ်လပ်စွာသွားလာခွင့်ရရှိ စေရေးနှင့် ၂၀၁၂ ခုနှစ်က ဖွင့်လှစ်ခဲ့သော ကယ်ဆယ်ရေးစခန်းများ ပိတ်သိမ်းရေးတို့အတွက် ညှိနှိုင်း ဆောင်ရွက်နေမှုများ၊ စခန်းများပိတ်သိမ်းရေးဆောင်ရွက်ရာတွင် စခန်းတွင်းနေထိုင်သူများအတွက် ပြန်လည် နေရာချထားရေးအစီအစဉ်အား ၎င်းတို့၏ သဘောတူညီချက်ဖြင့်ဆောင်ရွက်နေမှုများ၊ ရပ်ရွာလူထုအတွင်း သဟဇာတရှိစွာနေထိုင်နိုင်ရေးအတွက် နည်းမျိုးစုံဖြင့်ချဉ်းကပ် ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖေါ်ဆောင်ရေးကော်မတီ၏ အကြံပေးဘုတ်အဖွဲ့၏ အကြံပြုချက်တစ်ခု ဖြစ်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင်အထည်ဖေါ်ဆောင်မည့် စံပြကျေးရွာတစ်ခု တည်ထောင်ရေးဆောင်ရွက်နေသည့်လုပ်ငန်းများ၊ စစ်တွေပြည်သူ့ဆေးရုံ တိုးချဲ့တည်ဆောက်ရေး နော်ေ၀ နိုင်ငံမှ ကူညီထောက်ပံ့နေသည့်ကိစ္စများ၊ အားလုံအကျုံးဝင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တရပ် ထူထောင်ရေးကိစ္စများ၊ ပစ္စည်းကိရိယာစုံလင်စွာ ပါဝင်သည့်ရွေ့လျားကျန်းမာရေး စောင့်ရှောက်မှု ဆေးပေး ခန်းများဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ရေးကိစ္စများ၊ မိုင်းအန္တရာယ်အသိပညာပေးရေးအပါအဝင်နှင့် မိုင်းအန္တရာယ်လျော့ချရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ (Nowaygian People Aids)အဖွဲ့မှ မြန်မာနိုင်ငံအား ကူညီပေးရန် နားလည်မှုစာချွန်လွှာရေးထိုးရေးလုပ်ငန်းများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_may2018