Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) အချိန်မှ (၁၀း၃၀) နာရီအချိန်အထိ အ.ထ.က (၂) ခန်းမ၌ ကျိုင်းတုံမြို့နယ်၊ မြို့နယ်အဆင့် မွမ်းမံသင်တန်းတက်ရောက်နေသော ဆရာ/ဆရာမများ စုစုပေါင်း (၈၅၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးခြင်း၊ ငလျင်နှင့်ပတ်သက်၍ ငလျင်လှုပ်ခတ်နေစဉ်အတွင်း ဆောင်ရန်/ ရှောင်ရန်များ၊ နေထိုင်ရမည့် အနေအထားများအား လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များဖြန့် ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #shn_may2018
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်၊ ရွာကြီးလမ်းတွင် (၁၈-၅-၂၀၁၈)ရက်နေ့ (၂၂:၂၀)အချိန်က ဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ခြေ (၁)အိမ်မှ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၁)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ ဆန်ရိက္ခာတန်ဖိုးငွေကျပ်(၂,၁၀၀)နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၂၀၀,၀၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၂၀၂,၁၀၀)အား (၂၁-၅-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဖိုက်ဘာစက်လှေနှင့် အသက်ကယ်အကျႌီများ လွှဲပြောင်းပေးအပ်မှုသတင်း
သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ ဘေးအန္တရာယ်တုံ့ပြန်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်နိုင်ရန်အတွက် ဖိုက်ဘာစက်လှေ (၂) စီးနှင့် အသက်ကယ်အကျႌ(၂၀)ထည် တို့ကို ပြည် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီထံသို့ (၂၀-၅-၂၀၁၈)နေ့၊ (၁၃း၃၀)နာရီချိန်တွင် သွားရောက်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fld #bgo_may2018
-
ဖိုက်ဘာစက်လှေနှင့် အသက်ကယ်အကျႌီများ လွှဲပြောင်းပေးအပ်မှုသတင်း
သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ ဘေးအန္တရာယ်တုံ့ပြန်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ဖိုက်ဘာစက်လှေ (၁) စီးနှင့် အသက်ကယ်အကျႌ (၁၀) ထည်တို့ကို ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီထံသို့ (၂၀-၅-၂၀၁၈) နေ့၊ (၁၂း၀၀) နာရီချိန်တွင် သွားရောက်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fld #bgo_may2018
-
ဖိုက်ဘာစက်လှေနှင့် အသက်ကယ်အကျႌီများ လွှဲပြောင်းပေးအပ်မှုသတင်း
သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ ဘေးအန္တရာယ်တုံ့ပြန်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်နိုင်ရန်အတွက် ဖိုက်ဘာစက်လှေ (၁) စီးနှင့် အသက်ကယ်အကျႌ (၁၀) ထည်တို့ကို ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီထံသို့ (၂၀-၅-၂၀၁၈)နေ့၊ (၀၈း၀၀) နာရီချိန်တွင် သွားရောက်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fld #bgo_may2018
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ်၊ သာယာအေးကျေးရွာအုပ်စု၊ သာယာအေးကျေးရွာ၌ (၁၉-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၁၂) လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၇၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၅၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀၇,၁၀၀ိ/-) ကျပ်တို့အား (၂၀-၅-၂၀၁၈) ရက် နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ha_sgw #npw_may2018 … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးစစ်ကိုင်းတိိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အကောင်အထည်ဖေါ်ရေးကိစ္စများ ဆွေးနွေးညှိနှိုင်းခြင်းနှင့် ထောက်ပံ့မှုများဆောင်ရွက်
၂၀.၅.၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ရှိ ရွှေစည်းခုံ စေတီတော်နှင့် ဆုတောင်းပြည့်စေတီတို့အား သွားရောက်ဖူးမျှော်ကြည်ညိုပြီး အလှူငွေများ အသီးသီး ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်၊ ရန်ကင်းကျောင်းဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာဝံသအား သွားရောက်ဖူးမျှော်ကြည်ညိုပြီးလှူဖွယ်ပစ္စည်းများနှင့် အလှူငွေများဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မုံရွာမြို့တော် ခန်းမတွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိမသန်စွမ်းသူများ၊ မိခင်ဝိုင်းများနှင့် … Read more
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၅.၂၀၁၈)ရက်နေ့ (၀၉း၀၀)နာရီမှ (၁၁း၃၀) နာရီထိ ဟင်္သာတမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ မွမ်းမံသင်တန်းတက်ရောက်လျက်ရှိသော ဆရာ/ဆရာမများနှင့် ကျောင်းအုပ်ဆရာ/ဆရာမကြီးများ စုစုပေါင်း(၄၆၀)ဦးအား ငလျင်ဘေးနှင့်ပတ်သက်သော အသိပညာများဖြန့်ဝေပေးခြင်း၊ ဆောင်ရန်၊ ရှောင်ရန်များအား ဟောပြောဆွေးနွေးခဲ့ပြီး လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းနှင့် လက်ကမ်းစာစောင်များ ဝေငှပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2018 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး)နှင့် တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ (၂၀-၅-၂၀၁၈) ရက်နေ့၊ နံနက်(၀၈း၀၀)နာရီမှ (၁၀း၃၀)နာရီအထိ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အလက(၁)၌ ဒုတိယတန်း သင်ရိုးသစ်မွမ်းမံသင်တန်း တွင် တက်ရောက်နေသော ဆရာ/ဆရာမ (၃၇၇)ဦီးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့ လေ့ကျင့်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2018 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
မန်စီမြို့နယ်၊ ဟန်ထက်ကျေးရွာအုပ်စု၊ သစ်ဆုံးကျေးရွာတို့တွင် (၁၅-၅-၂၀၁၈) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းအမိုးလန်ပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦး လေဘေးသင့်ခဲ့ရာ ဘေးသင့်ပြည်သူများ အတွက် အိမ်ဆောက်တန်ဖိုး (၁၀၀၀၀၀) ကျပ်နှင့် လူဦးရေ (၄) ယောက်အတွက် ဆန်ရိက္ခာဖိုးငွေ (၈၄၀၀) ကျပ်တို့အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဗန်းမော်ခရိုင်ဦးစီးမှုးရုံးမှတာဝန်ရှိသူများသည် (၁၉-၅-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_sgw #kcn_may2018Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









