ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ်၊ သာယာအေးကျေးရွာအုပ်စု၊ သာယာအေးကျေးရွာ၌ (၁၉-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၁၂) လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၇၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၅၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀၇,၁၀၀ိ/-) ကျပ်တို့အား (၂၀-၅-၂၀၁၈) ရက် နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#npw_may2018