ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) အချိန်မှ (၁၀း၃၀) နာရီအချိန်အထိ အ.ထ.က (၂) ခန်းမ၌ ကျိုင်းတုံမြို့နယ်၊ မြို့နယ်အဆင့် မွမ်းမံသင်တန်းတက်ရောက်နေသော ဆရာ/ဆရာမများ စုစုပေါင်း (၈၅၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးခြင်း၊ ငလျင်နှင့်ပတ်သက်၍ ငလျင်လှုပ်ခတ်နေစဉ်အတွင်း ဆောင်ရန်/ ရှောင်ရန်များ၊ နေထိုင်ရမည့် အနေအထားများအား လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များဖြန့် ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar_eqk