Category Archives: News
-
ငလျင်ဘေးအန္တရာယ်ဆိုင်အသိပညာပေးဆွေးနွေးပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၈) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အထက်တန်းကျောင်း၌ (Grade-2) သင်ရိုးသစ်မွမ်းမံသင်တန်း တက်ရောက်နေသော ဆရာ/ဆရာမများ၊ ရွှေတောင်ဒုတိယမြို့နယ် ပညာရေးမှူးနှင့် သင်တန်းကြီးကြပ်ရေးမှူးများ စုစုပေါင်း အင်အား (၁၆၀) ဦးခန့်အား (၁၄း၀၀) အချိန်မှ (၁၆း၀၀) နာရီချိန်ထိ ငလျင်ဘေးအန္တရာယ်ဆိုင်အသိပညာပေးဆွေးနွေးပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခန်း အား ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #bgo_may2018
-
ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့၊ ဟိန္ဒူကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၂၉၃) စု မှလူဦးရေ (၁၁၂၅) ဦးအတွက် ဆန်(၂၄၄)အိတ်နှင့် မောင်တောမြို့နယ် (၃)မိုင်သီဟိုခြံအနီး မြိုတိုင်းရင်းသားများ အိမ်ထောင်စု (၈၇)စုမှ လူဦးရေ (၅၈၂)ဦးအတွက် ဆန်(၈၇)အိတ်တို့အား (၂၁-၅-၂၀၁၈)ရက်နေ့တွင် အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #rke_may2018 Source: မောတောခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၁-၅-၂၀၁၈) ရက်နေ့တွင် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ ဒုတိယတန်းသင်ရိုးသစ်မွမ်းမံသင်တန်းတက်ရောက်နေသော ဆရာ/ဆရာမ (၃၀၀)ဦးတို့အား (၁၄း၀၀) နာရီမှ (၁၆း၀၀)နာရီအချိန်အထိ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့လေ့ကျင့်မှုများအား ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar_eqk #ayy_may2018
-
ကမ်းပြိုဘေးထောက်ပံ့ပေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာအုပ်စု၊ ဗလဘကျေးရွာတွင် (၂၀-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၅၂၀၀ိ/-) ကျပ်တို့အား (၂၁-၅-၂၀၁၈)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ တာဝန်ရှိသူများနှင့်အတူ ဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_may2018 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၈) ရက်နေ့တွင် ဘားအံမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ မွမ်းမံသင်တန်း တက်ရောက်လျက်ရှိသော ဆရာ/ဆရာမများနှင့် ကျောင်းအုပ်ဆရာမကြီးများ စုစုပေါင်း (၂၀၀) ဦးအား ငလျင်ဘေးနှင့်ပတ်သက်သော အသိပညာများဖြန့်ဝေပေးခြင်း မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး မိုးကြိုး ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်း စာစောင်များဝေငှပေးခြင်း၊ ဗလာစာအုပ်နှင့် ဘောပင်များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများ ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #krn_may2018
-
ငလျင်ဘေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၈) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ရေစကြိုမြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ဆရာ/ ဆရာမ (၇၀၀) ကျော်ခန့်အား ငလျင်သဘာဝဘေးအသိပညာပေးဟော ပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ဆရာ/ ဆရာမများမှ သိရှိလိုသည်များအား အပြန်အလှန်ဆွေးနွေးမေးမြန်းခြင်း၊ လက်ကမ်းစာစောင်များဝေဌခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီး ဌာန၏ စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါး ရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၈) ရက်နေ့တွင် မော်လမြိုင်မြို့နယ်၊ အ.ထ.က (၆) ခန်းမ၌ (၁၀း၃၀) အချိန်မှ (၁၂း၀၀) နာရီအချိန်အထိ ဆရာ/ဆရာမ (၆၀၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း၊ လက်တွေ့ လေ့ကျင့်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #mon_may2018
-
ငလျင်ဘေးအန္တရာယ်ဆိုင်အသိပညာပေးဆွေးနွေးပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ အထက်တန်းကျောင်း၌ (Grade-2) သင်ရိုးသစ်မွမ်းမံသင်တန်းတက်ရောက်နေသော ဆရာ/ဆရာမများအား “ငလျင်ဘေးအန္တရာယ်ဆိုင်အသိပညာပေးဆွေးနွေးပွဲ နှင့် ဇာတ်တိုက်လေ့ကျင့်ခန်း”အား (၂၁-၅-၂၀၁၈) ရက်နေ့၊ (၀၈း၀၀) အချိန်မှ (၁၀း၀၀) နာရီချိန်ထိ ကျင်းပပြုလုပ်ခဲ့ရာ ပန်းတောင်း ဒုတိယမြို့နယ် ပညာရေးမှူး၊ သင်တန်းကြီးကြပ်ရေးမှူးများနှင့် ဆရာ/ ဆရာမ အင်အား (၁၅၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်းနှင့် ငလျင်အသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #bgo_may2018
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ ထန်းကိုင်းကျေးရွာနှင့် ပန်းတော်ပြင်ကျေးရွာတို့၌ (၁၈-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၄) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀,၀၀၀ိ/-)ကျပ်၊ ဘုန်းကြီးကျောင်း ဓမ္မာရုံ (၁) လုံး အတွက် ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၂၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၂၀၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၇၂,၀၀၀ိ/-) … Read more
-
ငလျင်ဘေးနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှုးရုံးမှတာဝန်ရှိသူများသည် မကွေး မြို့ကြက်ခြေနီအသင်းနှင့်ပူးပေါင်း၍ (၂၁-၅-၂၀၁၈) ရက်နေ့တွင် ပွင့်ဖြူမြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ/ဆရာမ (၁၂၀) ဦးခန့်အား ငလျင်ဘေးနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ လက်ကမ်းစာစောင်များဝေငှပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar_eqk #mgy_may2018









