ငလျင်ဘေးအန္တရာယ်ဆိုင်အသိပညာပေးဆွေးနွေးပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း

22 Pic 02
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၈) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အထက်တန်းကျောင်း၌ (Grade-2) သင်ရိုးသစ်မွမ်းမံသင်တန်း တက်ရောက်နေသော ဆရာ/ဆရာမများ၊ ရွှေတောင်ဒုတိယမြို့နယ် ပညာရေးမှူးနှင့် သင်တန်းကြီးကြပ်ရေးမှူးများ စုစုပေါင်း အင်အား (၁၆၀) ဦးခန့်အား (၁၄း၀၀) အချိန်မှ (၁၆း၀၀) နာရီချိန်ထိ ငလျင်ဘေးအန္တရာယ်ဆိုင်အသိပညာပေးဆွေးနွေးပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခန်း အား ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar_eqk
#bgo_may2018

Sign Up

Upcoming Events