ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၈) ရက်နေ့တွင် ဘားအံမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ မွမ်းမံသင်တန်း တက်ရောက်လျက်ရှိသော ဆရာ/ဆရာမများနှင့် ကျောင်းအုပ်ဆရာမကြီးများ စုစုပေါင်း (၂၀၀) ဦးအား ငလျင်ဘေးနှင့်ပတ်သက်သော အသိပညာများဖြန့်ဝေပေးခြင်း မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး မိုးကြိုး ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်း စာစောင်များဝေငှပေးခြင်း၊ ဗလာစာအုပ်နှင့် ဘောပင်များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများ ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#ar_eqk
#krn_may2018