ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၈) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ရေစကြိုမြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ဆရာ/ ဆရာမ (၇၀၀) ကျော်ခန့်အား ငလျင်သဘာဝဘေးအသိပညာပေးဟော ပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ဆရာ/ ဆရာမများမှ သိရှိလိုသည်များအား အပြန်အလှန်ဆွေးနွေးမေးမြန်းခြင်း၊ လက်ကမ်းစာစောင်များဝေဌခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီး ဌာန၏ စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါး ရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေး ပညာပေး/လက်ကမ်းစာစောင်များ ထည့်သွင်းထားသော DAN Application အား ရှင်းလင်းပြောကြားခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar_eqk
#mgy_may2018