ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၁-၅-၂၀၁၈) ရက်နေ့တွင် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ ဒုတိယတန်းသင်ရိုးသစ်မွမ်းမံသင်တန်းတက်ရောက်နေသော ဆရာ/ဆရာမ (၃၀၀)ဦးတို့အား (၁၄း၀၀) နာရီမှ (၁၆း၀၀)နာရီအချိန်အထိ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့လေ့ကျင့်မှုများအား ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ar_eqk
#ayy_may2018