Category Archives: News
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံ မြို့နယ်၊ နောင်ထလုံးကျေးရွာ(အထက်ပိုင်း) ကျေးရွာ၌ (၂၂-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည် (၁၆) မျိုး၊ Family Kit (၁) စုံ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄,၂၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၄,၂၀၀ိ/-) ကျပ်တို့အား (၂၂-၅-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) … Read more
-
အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၈) ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ ကျားကွင်းကျေးရွာ အ.မ.က ကျားကွင်းစာသင်ကျောင်း၌ ကျေးရွာသူ/သား (၂၅၀) ဦးအား (၁၃း၀၀) အချိန်မှ (၁၄း၀၀) နာရီအချိန်အထိ သဘာဝဘေးအသိပညာ ပေးဟောပြောခဲ့ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေ ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_may2018
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင် ကျွန်းမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ မေတ္တာကုန်းကျေးရွာ၌ (၁၉-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့ သော မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်အား (၂၂-၅-၂၀၁၈) ရက်နေ့တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာ ရာအိမ်မှူးတို့နှင့်အတူ သေဆုံးသူ၏ မိသားစု ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_tls #ayy_may2018
-
ဆူနာမီကြိုတင်ပြင်ဆင်မှု အလုပ်ရုံဆွေးနွေးပွဲနှင့် သင်ထောက်ကူပစ္စည်းပေးအပ်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် SEED ASIA ၊ ပညာရေးဝန်ကြီးဌာတို့နှင့် ပူးပေါင်း၍ (၂၂-၅-၂၀၁၈) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ကျွန်းညိုကြီး ကျေးရွာအုပ်စု၊ အ.ထ.က ကွမ်းသီးကျောင်းကျေးရွာ၌ ကျောင်းတွင်းဆူနာမီကြိုတင်ပြင်ဆင်မှု အလုပ်ရုံ ဆွေးနွေးပွဲနှင့် သင်ထောက်ကူပ္စည်းပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဌာနေကိုယ်စားလှယ် များ၊ SEED ASIA မှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာမများ၊ ရပ်မိ/ရပ်ဖများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်၍ ကျေးရွာတွင်း ဘေးအန္တရာယ်ပြမြေပုံများရေးဆွဲ ရန် ရွာတွင်းလှည့်လည်လေ့လာခဲ့ကြပြီး မြေပုံများရေးဆွဲ၍ ခိုလှုံရာ Shelter … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့လေ့ကျင့်ခြင်းများဆောင်ရွက်မှု သတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၈) ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၊ အ.ထ.က (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမ (၈၀၃) ဦးအား (၁၁း၀၀) အချိန်မှ (၁၂း၀၀) နာရီအချိန်အထိ ငလျင်ဘေးအသိပညာပေးဆွေးနွေးခြင်း၊ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများပြောကြားခြင်း၊ လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းနှင့် အသိပညာ ပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #mon_may2018
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်လံ မြို့နယ်၊ သမ္ဗူလကျေးရွာ၌ (၁၈-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ဘေးသင့်ခဲ့ သော အမိုးလန်နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၁၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၉,၄၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၈၉၄၀၀ိ/-)ကျပ်တို့အား (၂၁-၅-၂၀၁၈) ရက်နေ့ တွင် အောင်လံမြို့နယ်၊ အထွေထွေ … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့လေ့ကျင့်ခြင်းများဆောင်ရွက်မှု သတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် လောင်းလုံမြို့၊ ကမြောအင်း အထက်တန်းကျောင်း၌ ဆရာ/ဆရာမ (၃၀၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ လေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar_eqk #tny_may2018
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လှိုင်းဘ့ွဲ မြို့နယ်၊ ပိုင်ကျုံမြို့၊ နောင်ခွီးကျေးရွာအုပ်စု၊ နောင်ခရိုင် (နောင်ဒဲ) ကျေးရွာ၊ နောင်တိုင်ကျေးရွာနှင့် အာကု ကရောင်းကျေးရွာတို့၌ (၁၈-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၂၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၄၃၀,၀၀၀ိ/-) ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၁) မျိုး (၂၇) အိမ်ထောင်စာ၊ လူဦးရေ (၁၃၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၈၉,၈၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂,၇၁၉,၈၀၀ိ/-) … Read more
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံုး တာဝန်ရှိသူများသည် ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာဂျေကော့ဘူ၏ခရီးစဉ်တွင် တနိုင်းမြို့နယ်၊ တိန်ကောက်ကျေးရွာမှ နန်းကွေ့ ကဘူတမ်းကျေးရွာအုပ်စု ခရစ်ယာန်ဘုရားကျောင်း၌ ခေတ္တခဏနေရပ်တိမ်းရှောင်ပြောင်းရွှေ့လာသော တိုက်ပွဲရှာင်ပြည်သူ အိမ်ထောင်စု (၂၁)စု လူဦးရေ (၅၀)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၃၂)မျိုး ပါ Relief Kit (၂၁)ဖာ စုစုပေါင်းတန်ဖိုး (၁၅၇၃၂၀၀ိ/-)ကျပ်တိတိအား (၂၁-၅-၂၀၁၈)ရက်နေ့တွင် ထပ်မံထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာဂျေကော့ဘူ လူမှုရေးဝန်ကြီးနှင့်အတူတာဝန်ရှိသူများမှ လိုက်ပါလျက် အောင်မြင်သာကျေးရွာအုပ်စု တန်ဖဲဘုရားကျောင်းရှိ တိုက်ပွဲရှောင်ပြည်သူများ၏ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးအတွက် လူမှုရေးဝန်ကြီးနှင့် ပညာရးမှူးတို့မှ … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၈) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့၊ အမှတ်(၂)ခြေခံပညာအထက်တန်းကျောင်းတွင် (Grade2) ဒုတိယ တန်းသင်ရိုးသစ် ကျောင်းအုပ်စုအလိုက် သင်တန်းတက်ရောက်နေသော ဆရာ/မ အင်အား (၃၅၀) ဦးကို ငလျင်ဘေး အန္တရာယ်နှင့်ပတ်သတ်သော အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဆောင်ရန်ရှောင်ရန်များ ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူဆရာ/မများကို ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်း စာစောင်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_may2018









