ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင် ကျွန်းမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ မေတ္တာကုန်းကျေးရွာ၌ (၁၉-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့ သော မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်အား (၂၂-၅-၂၀၁၈) ရက်နေ့တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာ ရာအိမ်မှူးတို့နှင့်အတူ သေဆုံးသူ၏ မိသားစု ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_tls
#ayy_may2018