
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံုး တာဝန်ရှိသူများသည် ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာဂျေကော့ဘူ၏ခရီးစဉ်တွင် တနိုင်းမြို့နယ်၊ တိန်ကောက်ကျေးရွာမှ နန်းကွေ့ ကဘူတမ်းကျေးရွာအုပ်စု ခရစ်ယာန်ဘုရားကျောင်း၌ ခေတ္တခဏနေရပ်တိမ်းရှောင်ပြောင်းရွှေ့လာသော တိုက်ပွဲရှာင်ပြည်သူ အိမ်ထောင်စု (၂၁)စု လူဦးရေ (၅၀)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၃၂)မျိုး ပါ Relief Kit (၂၁)ဖာ စုစုပေါင်းတန်ဖိုး (၁၅၇၃၂၀၀ိ/-)ကျပ်တိတိအား (၂၁-၅-၂၀၁၈)ရက်နေ့တွင် ထပ်မံထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာဂျေကော့ဘူ လူမှုရေးဝန်ကြီးနှင့်အတူတာဝန်ရှိသူများမှ လိုက်ပါလျက် အောင်မြင်သာကျေးရွာအုပ်စု တန်ဖဲဘုရားကျောင်းရှိ တိုက်ပွဲရှောင်ပြည်သူများ၏ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးအတွက် လူမှုရေးဝန်ကြီးနှင့် ပညာရးမှူးတို့မှ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#kcn_may2018
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)