လေဘေးထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လှိုင်းဘ့ွဲ မြို့နယ်၊ ပိုင်ကျုံမြို့၊ နောင်ခွီးကျေးရွာအုပ်စု၊ နောင်ခရိုင် (နောင်ဒဲ) ကျေးရွာ၊ နောင်တိုင်ကျေးရွာနှင့် အာကု ကရောင်းကျေးရွာတို့၌ (၁၈-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၂၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၄၃၀,၀၀၀ိ/-) ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၁) မျိုး (၂၇) အိမ်ထောင်စာ၊ လူဦးရေ (၁၃၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၈၉,၈၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂,၇၁၉,၈၀၀ိ/-) ကျပ်တို့အား (၂၁-၅-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source:ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#krn_may2018

Sign Up

Upcoming Events