Category Archives: News
-
ထောက်ပံံငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၄-၂၀၁၈) ရက်နေ့မှစတင်၍ (၁၁-၅-၂၀၁၈) ရက်နေ့အတွင်း ဂွမြို့နယ်၊ ဘဝင်ကျေးရွာအုပ်စု၊ ဘဝင်ကျေးရွာ၌ တောဆင်ရိုင်းအန္တရာယ်ကျရောက်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးတဲအိမ် (၇၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၅၀၀,၀၀၀ိ/-) ကျပ်နှင့် တောဆင်ရိုင်းနင်းမှုကြောင့် သေဆုံး (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်တို့အား (၂၂-၅-၂၀၁၈) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဂွမြို့နယ်၊ ကျိန္တလီမြို့အုပ်ချုပ်ရေးမှူး၊ ဘဝင်ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်း၍ ကျိန္တလီမြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် ဆင်ရိုင်းအန္တရာယ်ကျရောက်သည့် ဘဝင်ကျေးရွာအုပ်စု၊ ဘဝင်ကျေးရွာသူ/သား များ … Read more
-
ပုဏ္ဏားကျွန်းမြို့နယ်၊ မင်းဇီချောင်းကျေးရွာ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်မှုသတင်း
ရခိုင်ပြည်နယ်အတွင်း၊ ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကိုမန်မုန်းတိုင်းကြောင့် ပျက်စီးခဲ့သည့် ကျောင်း(၄)ကျောင်းအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ် အခြေခံ ပညာရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၏ လမ်းညွှန်မှုဖြင့် ဆွစ်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SDC)၏ ရန်ပုံငွေဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ ခိုလှုံရာနေရာအဖြစ် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ဆောက်လုပ်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ကျောင်း(၄)ကျောင်းအနက် ပုဏ္ဏားကျွန်းမြို့နယ်၊ မင်းဇီချောင်းကျေးရွာ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ရခိုင်ပြည်နယ်၊ လူမှုရေးဝန်ကြီး၊ ဒေါက်တာချမ်းသာ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ပညာရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဦးကျော်မင်းနှင့် IOM အဖွဲ့အစည်းမှ (၂၃-၅-၂၀၁၈)ရက် (ဗုဒ္ဓဟူးနေ့)၊ … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၅.၂၀၁၈) ရက်နေ့၊ ညနေပိုင်းတွင် ရေဖြူမြို့၊ အ.ထ.က၌ ဖွင့်လှစ်နေသည့် GRATE-2 မွမ်းမံသင်တန်းတက်ရောက်နေသော ကျောင်းဆရာ၊ ဆရာမ အင်အား (၆၀၀) ကျော်အား (၂) ချိန်ခွဲ၍ ငလျင်ဘေးအသိပညာပေးခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ဘောပင်များဝေငှပေးခြင်းတို့ကိုဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ #ar_eqk #tny_may2018 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့လေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် UNDP မှတာဝန်ရှိသူများ၊ UN-Habitat မှတာဝန်ရှိသူများ၊ Action Aid Myanmar မှတာဝန်ရှိသူများ၊ Plan International Myanmar မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၂၂-၅-၂၀၁၈) ရက်နေ့၊ (၁၄း၀၀)အချိန်မှ (၁၆း၃၀) နာရီအချိန်အထိ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ အမှတ် (၁) အခြေခံပညာအလယ်တန်း ကျောင်း၌ ဒုတိယတန်း သင်ရိုးသစ်မွမ်းမံသင်တန်း တက်ရောက်နေသော ဆရာ/ဆရာမ(၁၈၀)ဦးတို့အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့ လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar_eqk #ygn_may2018
-
ကော့သောင့်ခရိုင်ဦးစီးမှူးရုံးမှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၈) ရက်နေ့တွင် (၀၉း၀၀) နာရီအချိန်၌ အခြေခံပညာဦးစီးဌာန၊ ကော့သောင်းမြို့၊ အထက (၁) အောင်သုခတွင် grade-2 သင်ရိုးသစ်သင်တန်း၌ ကျောင်းဆရာ၊ ဆရာမ များ (၅၅၆) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး ဘေး (၈) မျိုးလက်ကမ်းစာစောင် (၁၀၀) စီဝေငှပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar_eqk #tny_may2018 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့လေ့ကျင့်ခြင်းများဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၈) ရက်နေ့တွင် ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်ရှိ အ.ထ.က (၁) အခြေခံပညာအထက်တန်း ကျောင်း၌ ဆရာ/ဆရာမ (၄၂၀) ဦးအား (၁၄း၀၀) အချိန်မှ (၁၅း၃၀) နာရီအချိန်အထိ ငလျင်ဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးခြင်း၊ ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများအား ဟောပြော ခြင်းနှင့် လက်တွေ့သဏ္ဍာန်တူလေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #kcn_may2018
-
ရပ်ကျေးအုပ်ချုပ်ရေးမှူး စွမ်းဆောင်ရည်မြှင့်တင်ရေး (၁/၂၀၁၈) သင်တန်းကျင်းပမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၈)ရက်နေ့တွင် (၁၄း၀၀)နာရီ အချိန်တွင် ကော့သောင်းမြို့၊ မြို့နယ်ထွေ/အုပ် ပဉ္စူသကခန်းမ၌ မြို့နယ်ထွေ/အုပ်မှ ဖွင့်လှစ်သော ရပ်ကျေးအုပ်ချုပ်ရေးမှူးများ စွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၁၈)၌ သဘာဝဘေးနှင့်စပ်လျဉ်း၍ ဘာသာရပ်တစ်ခုအနေဖြင့် သင်ခန်းစာပို့ချပေးခဲ့ရာ သင်တန်းသား (၅၄)ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_may2018 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဖိုက်ဘာစက်လှေနှင့် အသက်ကယ်အကျႌီများ လွှဲပြောင်းပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ ဘေးအန္တရာယ်တုံ့ပြန်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ဖိုက်ဘာစက်လှေ (၂) စီးနှင့် အသက်ကယ် အကျႌ အထည် (၂၀) တို့အား (၂၂-၅-၂၀၁၈) ရက်နေ့ (၁၆း၂၀) နာရီအချိန်တွင် ရေကြည်မြို့နယ်၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_fld #ayy_may2018
-
ဖိုက်ဘာစက်လှေနှင့် အသက်ကယ်အကျႌီများ လွှဲပြောင်းပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောင်းကုန်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်သည့်အခါ ဘေးအန္တရာယ်တုံ့ပြန်ရေနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ဖိုက်ဘာစက်လှေ (၁) စီးနှင့် အသက်ကယ်အကျႌ (၁၀) တို့အား (၂၂-၅-၂၀၁၈) ရက်နေ့ (၁၈း၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ်၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) ha_fld #ayy_may2018
-
သဘာဝဘေးအန္တရာယ်လျော့ချရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Relief International အဖွဲ့နှင့်ပူးပေါင်း၍ (၁-၅-၂၀၁၈) ရက်နေ့တွင် ဥက္ကာကျော်ကျေးရွာအုပ်စု၊ လေးမြို့စား ကျေးရွာဘုန်းကြီးကျောင်းဓမ္မာရုံ၌ သင်တန်းသား (၃၀) ဦးဖြင့်လည်းကောင်း၊ (၂-၅-၂၀၁၈) ရက်နေ့တွင် ပေါင်းတုတ်ကျေးရွာအုပ်စု၊ ကုတိုးဆိပ်ကျေးရွာ၌ သင်တန်းသား (၃၀) ဦးဖြင့်လည်းကောင်း (၃-၅-၂၀၁၈) ရက်နေ့တွင် ပုရိန်ကျေးရွာ အ.မ.က စာသင်ကျောင်း၌် သင်တန်းသား (၁၈) ဦးဖြင့်လည်းကောင်း၊ (၄-၅-၂၀၁၈) ရက်နေ့တွင် ဆင်အိုးချေကျေးရွာအုပ်စု၊ ဆင်အိုးချေဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ သင်တန်းသား (၄၆) ဦးဖြင့်လည်းကောင်း သဘာဝဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပ ပြုလုပ်ခဲ့ကြကြောင်း … Read more









