ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Relief International အဖွဲ့နှင့်ပူးပေါင်း၍ (၁-၅-၂၀၁၈) ရက်နေ့တွင် ဥက္ကာကျော်ကျေးရွာအုပ်စု၊ လေးမြို့စား ကျေးရွာဘုန်းကြီးကျောင်းဓမ္မာရုံ၌ သင်တန်းသား (၃၀) ဦးဖြင့်လည်းကောင်း၊ (၂-၅-၂၀၁၈) ရက်နေ့တွင် ပေါင်းတုတ်ကျေးရွာအုပ်စု၊ ကုတိုးဆိပ်ကျေးရွာ၌ သင်တန်းသား (၃၀) ဦးဖြင့်လည်းကောင်း (၃-၅-၂၀၁၈) ရက်နေ့တွင် ပုရိန်ကျေးရွာ အ.မ.က စာသင်ကျောင်း၌် သင်တန်းသား (၁၈) ဦးဖြင့်လည်းကောင်း၊ (၄-၅-၂၀၁၈) ရက်နေ့တွင် ဆင်အိုးချေကျေးရွာအုပ်စု၊ ဆင်အိုးချေဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ သင်တန်းသား (၄၆) ဦးဖြင့်လည်းကောင်း သဘာဝဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#rke_may2018