ရခိုင်ပြည်နယ်အတွင်း၊ ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကိုမန်မုန်းတိုင်းကြောင့် ပျက်စီးခဲ့သည့် ကျောင်း(၄)ကျောင်းအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ် အခြေခံ ပညာရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၏ လမ်းညွှန်မှုဖြင့် ဆွစ်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SDC)၏ ရန်ပုံငွေဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ ခိုလှုံရာနေရာအဖြစ် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ဆောက်လုပ်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ကျောင်း(၄)ကျောင်းအနက် ပုဏ္ဏားကျွန်းမြို့နယ်၊ မင်းဇီချောင်းကျေးရွာ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ရခိုင်ပြည်နယ်၊ လူမှုရေးဝန်ကြီး၊ ဒေါက်တာချမ်းသာ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ပညာရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဦးကျော်မင်းနှင့် IOM အဖွဲ့အစည်းမှ (၂၃-၅-၂၀၁၈)ရက် (ဗုဒ္ဓဟူးနေ့)၊ နံနက်(၀၈:၅၀)နာရီတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#rke_may2018