Category Archives: News
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးမှ မြန်မာ နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Giuseppe de Vincentiis ဦးဆောင်သော ကုလသမဂ္ဂအဖွဲ့ကိုယ်စား လှယ်များလာရောက်တွေ့ဆုံ
နေပြည်တော်၊ ၂၆.၆.၂၀၁၈ မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အကြောင်း အမျိုးမျိုးကြောင့် နေရပ်စွန့်ခွာသူများအတွက် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရာ ပြည်နယ် (၄) ခုရှိ မြို့နယ် (၁၅) မြို့နယ်တွင် စုစုပေါင်းကယ်ဆယ်ရေးစခန်း (၁၄၀) ခုရှိနေပြီး နေရပ်စွန့်ခွာသူ လူဦးရေ (၁၆၀၀၀၀) ကျော်ရှိနေသည်။ ယင်းစခန်းများအနက် နှစ်ကာလကြာရှည်နေသော၊ စခန်းပိတ်သိမ်းရန် လိုအပ် သောစခန်းများကိုပိတ်သိမ်းရေး၊ လတ်တလောလုံခြုံရေးအရ စခန်းပိတ်သိမ်းရန် မဖြစ်နိုင်သေးသော ကယ်ဆယ်ရေးစခန်းများကို ဆက်လက်ထားရှိရေးနှင့် စခန်းပိတ်သိမ်းပြီးပါက ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးအစီအစဉ်များ ဆောင်ရွက်ပေးရန်လိုအပ်လျက်ရှိပါသည်။ အဆိုပါ ကိစ္စရပ်များတွင် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ မြောင်းတပ်အုပ်စု၊ မင်းရွားလေးကျေးရွာ၌ (၁၈-၆-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံးအတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၁,၂၀၀ိ/-) ကျပ်တို့အား (၂၆-၆-၂၀၁၈) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် ရွှေတောင်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #bgo_jun2018
-
ဘူးရိုးချောင်းရေတိုက်စား ကမ်းပြိုမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ တလုပ္ပင်အုပ်စု၊ ရှားဖြူ ကွင်းရွာ၌ (၁၅-၆-၂၀၁၈) ရက်နေ့တွင် ဘူးရိုးချောင်းရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်း နေအိမ် (၂) လုံးနှင့် ကိုင်းကြီးအုပ်စု၊ ကိုင်းကြီးကျေးရွာ၌ (၁၉-၆-၂၀၁၈) ရက်နေ့တွင် ကြိုတင်ရွှေ့ပြောင်း နေအိမ် (၂) လုံး၊ စုစုပေါင်း နေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀ိ/-)ကျပ်အား (၂၆-၆-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ပန်းတောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ … Read more
-
လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကျေးရွာအုပ်စု (၂) စု၊ ကျေးရွာ (၂) ရွာတို့၌ (၁၃/၁၉-၆-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သောလေဘေး ကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂) လုံးအတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၉၀,၀၀၀ိ/-) ကျပ်တို့အား (၂၆-၆-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #bgo_jun2018
-
လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ကျေးရွာအုပ်စု (၂) စု၊ ကျေးရွာ (၂) ရွာတို့၌ (၂၆/၃၀-၅ -၂၀၁၈) ရက်နေ့တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃) လုံးတို့အတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၉၈,၀၀၀ိ/-)ကျပ်တို့အား (၂၆-၆-၂၀၁၈) ရက်နေ့တွင် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #bgo_jun2018
-
ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့၊ လက်ပံတန်းကျေးရွာ၌ (၁၉-၆-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု (၁) စု၊ လူဦးရေ (၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၈,၉၀၀ိ/-) ကျပ်အားလည်းကောင်း ရွှေကူမြို့နယ်၊ တောပုန်းကျေးရွာ၌ (၁၉-၆-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု (၃) စု၊ လူဦးရေ … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်း (၃/၂၀၁၈) ဖွင့်ပွဲအခမ်းအနားကျင်းပ ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် ကဝမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း(၃/၂၀၁၈) ဖွင့်ပွဲအခမ်းအနားကို တက်ရောက်သူ (၁၀၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ရာ ကဝမြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံး တာဝန်ရှိသူ တစ်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းများ ရှင်းလင်းတင်ပြခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ သင်တန်း ကာလမှာ (၂၈-၆-၂၀၁၈) ရက်နေ့အထိ (၃) ရက် တာကြာမြင့်မည်ဖြစ်ပြီး အဆိုပါ သင်တန်းသို့ … Read more
-
ငလျင်ဘေးဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထွေ/အုပ်ဦးစီးဌာန၊ မီးသတ်၊ ပြန်ဆက်၊ ကြက်ခြေနီ၊ ကျန်းမာရေး၊ ပညာရေးဌာန၊ ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးကျေးရွာ အ.ထ.က (၂) မှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း (၂၃၈) ဦးတို့နှင့်အတူပူးပေါင်း၍ (၂၅-၆-၂၀၁၈) ရက်နေ့တွင် ငလျင်ဘေးဇာတ်တိုက်လေ့ကျင့်ခန်းအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ဘစမ) #simex_eqk #tny_jun2018
-
ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအုပ်စု၊ မိုးတား လေး ကျေးရွာ၌ (၂၄-၆-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုမည်စိုး၍ ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၃) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၂၅,၂၀၀ိ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀ိ/-)ကျပ်တို့အား (၂၅-၆-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_rbe … Read more
-
ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့နယ်၊ မြို့မကညင်တန်းရှိ ဟိန္ဒူ ကယ်ဆယ်ရေးစခန်းရှိ လူဦးရေ (၁၂၂၅) ဦးအား (၁) ပတ်စာ ဆန် (၈၉) အိတ် (၇)ပြည်၊ ဆီ(၁၀၇.၁၈၇၅) ပိဿာ၊ ဆား (၂၁.၄၃၇၅) ပိဿာတို့အား (၂၅-၆-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး(ဘစမ)









