ချင်းတွင်းမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ညောင်ဇောက်ကျေးရွာအုပ်စု၊ ကျောမကြားကျေးရွာ၌ (၁၀-၇-၂၀၁၈) ရက်နေ့၊ (၁၁း၁၀) နာရီအချိန်တွင် ချင်းတွင်းမြစ်ရေတိုက်စား ကမ်းပါး ပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၆) ဦးတို့ အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၁၂,၆၀၀ိ/-)ကျပ်တို့အား (၁၁-၇-၂၀၁၈) ရက်နေ့တွင် ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ရုံးမှ တာဝန်ရှိသူများနှင့်အတူ ညောင်ဇောက်ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_rbe
#mgy_jul2018

Sign Up

Upcoming Events