နေပြည်တော်၊ ၁၁.၇.၂၀၁၈
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ မိတ်ဆွေနိုင်ငံပီသစွာဖြင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးရေးအတွက်အကူအညီပေးရေးအတွက် ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr. VikramMisri သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးအား ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါ ဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက် တွေ့ဆုံခဲ့ ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ သဘော တူညီမှုစာချွန်လွှာ (MoU) ရေးထိုးပြီး စီမံကိန်းများဆောင်ရွက်ရာတွင် အကျိုးရှိရှိ၊ ထိရောက်စွာ ဆောင်ရွက် နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရခိုင်ပြည်နယ် အစိုးရ တို့နှင့်ညှိနှိုင်းဆောင်ရွက်နေမှုများ၊ စီမံကိန်းများအကောင်အထည်ဖော်ရာတွင် လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေးကိုသာဦးစားပေးရန်ဖြစ်ပြီးMoUအရတစ်နှစ်လျှင် အမေရိကန် ဒေါ်လာ (၅) သန်း ထောက်ပံ့ မည်ဟုဆိုသော်လည်း စီမံကိန်းလိုအပ်ချက်အပေါ်မူတည်၍ နှစ်အလိုက် ပိုမိုသုံးစွဲရန် ထောက်ပံ့မည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_jul2018