speed boat ၁ စီးနှင့် fiber boat ၁ စီးအား စက်ပစ္စည်းများတပ်ဆင်ပြီး ပုသိမ်မြို့၊ ငဝန်မြစ်အတွင်း စမ်းသပ်မောင်းနှင်မှုသတင်း

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကမ္ဘာ့ဘဏ်ချေးငွေ၏ IRM အစီအစဉ်ဖြင့် ဝယ်ယူထားရှိပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ ပေးပို့ထားရှိသည့် speed boat (၂) စီးနှင့် fiber boat (၄၀) စီးအား တင်ဒါအောင်မြင်သော ကုမ္ပဏီ china henan province day bird ship co.ltd မှ နည်းပညာရှင် ၂ ဦးသည် (၁၁-၇-၂၀၁၈) ရက်နေ့တွင် လာရောက်၍ speed boat ၁ စီးနှင့် fiber boat ၁ စီးအား စက်ပစ္စည်းများတပ်ဆင်ခြင်း၊ စမ်းသပ်မောင်းနှင်ခြင်းများအား ပုသိမ်မြို့၊ ငဝန်မြစ် အတွင်း အရေးပေါ်စီမံခန့်ခွဲရေးစင်တာ EOC ရှေ့၌ ဆောင်ရွက်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံ/ဘဏ္ဏာဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ လျှပ်စစ်/စွမ်းအင်/လမ်းပန်းဝန်ကြီးတို့မှ ကြည့်ရှုစစ်ဆေးခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူများသည် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ မီးသတ်ဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_fld
#ayy_jul2018

Sign Up

Upcoming Events