Category Archives: News
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၇-၂၀၁၈)ရက်နေ့ နမ္မတူမြို့နယ်၊ မိုင်းမုကျေးရွာ၊ ကောင်းဟုန်းကျေးရွာ၊ လုံမိတ်ကျေးရွာ၊ ဆန်ခါကျေးရွာ၌ လတ်တလောထိတွေ့မှုများကြောင့် မန်စံကျးရွာအုပ်စု၊ မန်ဟော်ကျေးရွာ မန်ဟော်ဘုန်းတော်ကြီးကျောင်းနှင့် မန်စံကျေးရွာ၊ ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းသို့ ရောက်ရှိလာသည့် တိုက်ပွဲရှောင်အိမ်ထောင်စု(၁၆၅)စု၊ လူဦးရေ(၆၅၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ထောင်စု(၁၆၅)စုစာနှင့် ဆန်ဖိုး(၁၃၇၃၄၀၀)တို့အား နမ္မတူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် (၁၇-၇-၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #shn_jul2018 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ စိန်ပုကျေးရွာအုပ်စု ကျွဲတဲကုန်းကျေးရွာတွင် (၁၃.၇.၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးမှ တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်အား (၁၈.၇.၂၀၁၈)ရက်နေ့၊ (၁၀း၃၀)အချိန်တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အုပ်အထွေထွေအုပ်ချုပ်ရေးရုံးမှတာဝန်ရှိသူများ၊သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ် ရေးမှူးတို့နှင့်အတူ ပြည်သူလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_jul2018 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UK Department for International Development (DFID) မှ Head of Office ဖြစ်သူ Dr. Gail Marzetti က လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ ၁၇.၇.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား UK Department for International Development (DFID) မှ Head of Office ဖြစ်သူ Dr. Gail Marzetti က နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ ယနေ့ ညနေပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ၂၀၁၈ခုနှစ်၊ ဇူလိုင်လ(၂၄)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ဝန်ကြီးများအဆင့် မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့ညီလာခံတွင် ပြည်ထောင်စုဝန်ကြီး ပါဝင်တက်ရောက်မည့်ကိစ္စများ၊ အဆိုပါကမ္ဘာ့ညီလာခံတွင် မြန်မာနိုင်ငံအနေဖြင့် … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ရောင်ပစ်ကွင်းကျေးရွာအုပ်စု၊ မကျီးစင်ကျေးရွာနှင့် ကွင်းကြီးကျေးရွာအုပ်စု၊ ကွင်းကြီးကျေးရွာတို့၌ (၁၅.၇.၂၀၁၈) ရက်နေ့နှင့် (၁၆.၇.၂၀၁၈) ရက်နေ့တို့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပိ၍ပြိုကျပျက်စီးနေအိမ် (၃)လုံး၊ အိမ်ထောင်စု (၃)စုမှ လူဦးရေ (၁၆)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၃)ပုံး (၁၁၂၀၅၉ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ (၃၃၆၀၀/-)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၄၄၅၆၅၉/-)ကျပ်တို့အား (၁၇.၇.၂၀၁၈)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း … Read more
-
တိုက်ကြီးမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) +++++++++++++++++++++++++++++ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရံုံးမှ တာဝန် ရှိသူများသည် တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၌ (၁၅-၇-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ငါးလာချောင်းကျေးရွာရှိ နေအိမ် (၁) လုံးမှာ သစ်ပင်ပိ၍ ပြိုကျပျက်စီးခဲ့ပြီး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးဘေးသင့်ခဲ့ခြင်းနှင့် အဖျောက် (၄) ရပ်ကွက်၊ ပန်းတုန်းပိတ်ကျေးရွာရှိ ကျူးကျော်နေအိမ် (၈) လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု ( ၈ ) စု၊ … Read more
-
ရေဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ရေဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်ခန်းအား(၁၆-၇-၂၀၁၈)ရက်နေ့၊ မွန်းလွဲ(၁၄း၀၀) နာရီအချိန်တွင် မြောက်ဦးမြို့၊ အောင်တပ်ရပ်ကွက်၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှအဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်မီးသတ်ဦးစီးမှူးမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ရှင်းလင်းပြောကြားခြင်း၊ ခရိုင်ဘေးစီမံဦးစီးမှူးမှ ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ဆောင်ရန်/ရှောင်ရန်များကို ရှင်းလင်းပြောကြားခြင်း ခရိုင်ကြက်ခြေနီတပ်ဖွဲ့တာဝန်ခံမှ ရေနစ်သူအားအသက်ရှူအားကူနည်းစနစ် နှလုံးနှိုးဆွနည်း(CPR)၊ ဒဏ်ရာရသူအားပတ်တီးစည်းနည်းများနှင့် ထမ်းစင်ဖြင့်လူနာသယ်ဆောင်နည်းများအား ရှင်းလင်းသရုပ်ပြခြင်း၊ မြို့နယ်မီးသတ်ဦးစီးမှူးမှ ရေပြင်အသက်ကယ်နည်းစနစ်များအားရှင်းလင်းပြောကြားခဲ့ပြီး ရေပြင်တွင်ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်စာရေးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း(၁၅၀)ဦးခန့်တက်ရောက်ခဲ့ပြီး ဘေး(၈)မျိုးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ … Read more
-
ရမ်းဗြဲမြို့၊ ကျောက်နီမော်ကျေးရွာအုပ်စု၊ ကစုကိုင်းကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရမ်းဗြဲမြို့၊ ကျောက်နီမော်ကျေးရွာအုပ်စု၊ ကစုကိုင်းကျေးရွာ၌ (၁၆-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် တစ်စိတ်တစ်ပိုင်းခဲ့၍ ဘေးသင့်ခဲ့သည့်အိမ်ခြေ (၂) လုံးမှ လူဦးရေ (၁၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၂)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀ိ/-) နှင့် လူဦးရေ (၁၇) ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာ (၂၉)ပြည်၊ (၆)ဘူးတို့အား (၁၇-၇-၂၀၁၈) ရက်နေ့တွင် ရမ်းဗြဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ … Read more
-
မြောင်းမြမြို့နယ်၊ ထန်းကုန်းကျေးရွာအုပ်စု၊ အေးရွာကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ထန်းကုန်းကျေးရွာအုပ်စု၊ အေးရွာကျေးရွာ၌ (၁၄-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျခဲ့သည့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၁) သိန်းကျပ်၊ ဘေးသင့်လူဦးရေ (၃) ဦးအတွက် ဆန်(၇)ရက်စာထောက်ပံ့ငွေ(၆၃၀၀) ကျပ် ထောက်ပံ့ငွေစုစုပေါင်း (၁၀၆၃၀၀ိ/-) နှင့် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁)စုံအား မြောင်းမြမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၇-၂၀၁၈) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အပြောင်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်နေအိမ်ပေါ်သို့လဲကျခဲ့ရာ နေအိမ်(၁) လုံး လဲပြိုပျက်စီးခဲ့ပါသည်။ အဆိုပါ နေအိမ်ရှိ အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ် ၊ဆန်ဖိုးငွေ (၇) ရက်စာ (၂,၁၀၀) ကျပ်၊ (၁) အိမ်ထောင်စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး တို့ကို (၁၇-၇-၂၀၁၈) ရက်နေ့တွင် ကွင်းဆင်းသွားရောက်ထောက်ပံ့ ပေးခဲ့ကြောင်း … Read more
-
မောင်တောမြို့နယ် မြို့မကညင်တန်း ဟိန္ဒူ ကယ်ဆယ်ရေးစခန်းရှိ လူဦးရေ (၁၂၂၅) ဦးအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၇-၂၀၁၈) ရက်နေ့တွင် မောင်တောမြို့နယ် မြို့မကညင်တန်းရှိ ဟိန္ဒူ ကယ်ဆယ်ရေးစခန်းရှိ လူဦးရေ (၁၂၂၅) ဦးအတွက် (၁) ပတ်စာ ဆန် (၈၉) အိတ် (၇) ပြည် (၆) ဘူး၊ ဆီ (၁၀၇.၁၈၇၅) ပိဿာ၊ ပဲ (၄၂၈.၇၅) ပိဿာ၊ ဆား (၂၁.၄၃၇၅) ပိဿာအား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။









