====================================================
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
====================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘီးလင်းမြို့နယ် ကဒီပုကျေးရွာ၌ (၂၃-၇-၂၀၁၈) ရက်နေ့တွင်လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ်(၂) လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၃၂) လုံး စုစုပေါင်းနေအိမ်(၃၄)အိမ်အတွက်အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၇,၅၀၀၀၀ိ/-)၊ လူဦးရေ (၂၃၂) ဦးအတွက်ဆန်ရိက္ခာဖိုးငွေ (၄၈၇၂၀၀ိ/-)၊ ပြိုကျပျက်စီးခဲ့သည့်နေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၂) အိမ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၃၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၃၂) အိမ်ထောင်စာအား ဘီးလင်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။