Category Archives: News
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူး ရုံးမှ ဝန်ထမ်းများသည် (၂၃.၇.၂၀၁၈)ရက်နေ့မှစ၍ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင် ဖြစ်ပွားခဲ့သော ရေဘေး၌ ကယ်ဆယ်ရေးစခန်း(၃)ခုရှိ ရေဘေးသင့်ပြည်သူထပ်တိုးအိမ်ထောင်စု(၁၄)စု၊ လူဦးရေ(၅၈)ဦးအတွက် လူတစ်ဦးလျှင် ဆန်ရိက္ခာ (၇)ရက်စာ(၂၁၀၀/-)ကျပ်နှုန်းဖြင့် စုစုပေါင်းဆန်ဖိုးထောက်ပံ့ငွေ(၁၂၁,၈၀၀/-)ကျပ်အား (၂၆.၇.၂၀၁၈)ရက်နေ့ (၃း၀၀)နာရီအချိန်တွင် ကျုံဒိုး မြို့အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများနှင့်အတူ ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #krn_jul2018 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၇.၂၀၁၈)ရက်နေ့ ထပ်မံဖြစ်ပွားသည့် တနင်္သာရီမြစ်ရေမြှင့်တက်မှုကြောင့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရေဘေးကြောင့် ထပ်မံပြောင်းရွှေ့အိမ်ခြေ(၃၈)လုံးမှ အိမ်ထောင်စု(၃၈)စုမှ လူဦးရေစုစုပေါင်း(၁၉၁)ဦးအတွက် ဆန်ဘိုး(၇) ရက်စာ(၄၀၁,၁၀၀/-)ကျပ်အား (၂၆.၇.၂၀၁၈) ရက်နေ့နေ့လည်(၁၅း၃၀)နာရီချိန်တွင် ထောက်ပံ့ပေးပြီး ကျန်ရှိသည့်ပြောင်းရွှေ့အိမ်ထောင်စု များမှ လူဦးရေများအတွက် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ #ha_fld #tny_jul2018 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်သိကောင်းစရာများနှင့် ငလျင်ဘေးအန္တရာယ်အသိပညာပေး ဆွေးနွေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၂၁)ခြေလျင်တပ်ရင်းတွင် အရာရှိစစ်သည်၊ ရဲမေများနှင့် တပ်မတော်သားမိသားစုဝင် (၅၀)ကျော်တို့အား သဘာဝဘေးအန္တရာယ်သိကောင်းစရာများနှင့် ငလျင်ဘေးအန္တရာယ် အသိ ပညာပေးဆွေးနွေးဟောပြောခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပြီး အားလုံးပူးပေါင်းပါဝင်သော လက်တွေ့လေ့ကျင့်မှုအား (၂၆-၇-၂၀၁၈)ရက်နေ့ (၁၀း၀၀)နာရီမှ (၁၁း၃၀)နာရီ အထိ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_eqk #kcn_jul2018 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပဲခူးတိုင်းဒေသကြီး ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ် ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိ
ဇူလိုင်၊ ၂၇၊ ပဲခူး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဌ ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက ပဲခူးမြို့ရှိ ယာယီ ရေဘေးရှောင်စခန်းများသို့ ရောက်ရှိ၍ ရေဘေးသင့်ပြည်သူများကို တွေ့ဆုံကာ အားပေးစကား ပြောကြားပြီးလိုအပ်သော စားနပ်ရိက္ခာနှင့် လူမှုရေးအကူအညီများကို ထောက်ပံ့ပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် ပဲခူးမြို့ပေါ်ရှိ မွန်ဓမ္မာရုံ၊ မိုးလုံလေလုံအားကစားခန်းမ၊ ရွှေနံ့သာဘုန်းတော်ကြီးကျောင်းနှင့် ကြခတ်ဝိုင်းဘုန်းတော် ကြီးကျောင်းများတွင် ဖွင့်လှစ်ထားသော ရေးဘေးရှောင်စခန်းရှိ ရေဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားရာတွင် ကမ္ဘာ့နေရာအသီးသီးတွင် ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်များပိုမိုဖြစ်ပွားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ယခုလအတွင်း မြန်မာနိုင်ငံ၏ … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ စက်ဒေါင့်ကြီးကျေးရွာတွင် (၂၄-၇-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ် (၂)လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ (၉)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုးပါ (၂)ပုံး (၃၇၀၂၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁၀၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၁၈၉၀၀ိ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၁၈၉၀၀ိ/-)ကျပ်တို့အား (၂၆-၇-၂၀၁၈)ရက်နေ့ (၁၈း၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jul2018 Source: … Read more
-
မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားလျက်ရှိသည့် ရေကြီးရေလျှံမှုများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်နေမှုသတင်း
မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားလျက်ရှိသည့် ရေကြီးရေလျှံမှုများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၈.၈.၂၀၁၈) ရက်နေ့၊ နံနက် (၉) နာရီ အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC)၌ ကျင်းပလျက်ရှိပြီး အဆိုပါအစည်းအဝေးသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ပြီး လက်ရှိဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ထပ်မံဆောင်ရွက် ပေးရန်ရှိသည်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။ #vp #npw_jul2018 Source – … Read more
-
ရေဘေးရှောင်စခန်း၌ ပြောင်းရွှေ့နေထိုင်လျက်ရှိသော ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများ၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများမှတာဝန်ရှိသူများသည် (၂၅.၇.၂၀၁၈) ရက်နေ့၊ ည (၁၉း၀၀) နာရီအချိန်တွင် မြဝတီမြို့၊ ကျွန်းတောရေဘေးရှောင်စခန်းရှိ ပြည်သူများထံသို့ သွားရောက်အားပေးနှစ်သိမ့်ပေးခြင်းနှင့် ဘုရားကြီးဘုန်းကြီးကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (ရေပူ)နှင့် သာသနာ့ဝေပုလ္လရေဘေးရှောင်စခန်းများရှိ ရေဘေးသင့် အိမ်ထောင်စု (၄၇) စုမှ လူဦးရေ (၁၉၃) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၄၀၅,၃၀၀ိ/-) ကျပ်နှင့် ကြက်ဥ (၂၃၅) လုံး၊ ရေသန့် (၃၈၆) … Read more
-
၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မြစ်ရေကြီးမှုအခြေအနေသတင်း
စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန်တွင် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၌ (၅) ပေခွဲခန့်၊ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် (၁) ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ သံလွင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၄) ပေခွဲခန့်၊ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် (၂) ရက်အတွင်း (၁) ပေခန့် … Read more
-
ကယ်ဆယ်ရေးစခန်း၌ ပြောင်းရွှေ့နေထိုင်လျက်ရှိသော ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၇-၂၀၁၈) ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း (၃) ခုမှ ရေဘေးသင့်ပြည်သူ ထပ်တိုးအိမ်ထောင်စု (၁၄) စုမှ လူဦးရေ (၅၈) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၂၁,၈၀၀ိ/-) ကျပ်အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #krn_july2018 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စုရှိ ကျေးရွာ (၅) ရွာတို့၌ (၂၃-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောရေဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ (၉၄) အိမ်၊ အိမ်ထောင်စု (၁၀၃) စုမှ လူဦးရေ (၃၃၀) ဦးတို့အတွက် (၁) ဦးလျှင် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၂,၁၀၀ိ/-) ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၆၉၃,၀၀၀ိ/-) ကျပ်အား (၂၆-၇-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှတာဝန်ရှိသူများ၊ … Read more









