
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၈.၂၀၁၈)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ ဆယ်ရွာကျေးရွာအုပ်စု၊ ဆယ်ရွာေကျေးရွာ ၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၄)လုံးပြိုကျပျက်စီးခဲ့ပြီး နေအိမ်(၃)လုံး အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့၍ အိမ်ထောင်စု (၇)စုမှ လူဦးရေ(၂၃)ဦး လေဘေးသင့်ခဲ့ပါသဖြင့် အိမ်ဆောက်ပစ္စည်းဖိုး (၆၅၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး (၄၈၃၀၀ိ/-)ကျပ်၊စုစုပေါင်း (၆၉၈၃၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၇)အိမ်ထောင်စုစာအား (၆.၈.၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ha_sgw
#ygn_aug2018
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)