ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Plan International Myanmar မှ Country Director ဖြစ်သူ Mr. Kelly Stevenson ဦးဆောင်သောအဖွဲ့ က လာရောက်တွေ့ဆုံမှုသတင်း

6_Pic_01
နေပြည်တော်၊ သြဂုတ် ၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Plan International Myanmar မှ Country Director ဖြစ်သူ Mr. Kelly Stevenson ဦးဆောင်သောအဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် Plan International အဖွဲ့အစည်းအနေဖြင့် ဝန်ကြီးဌာနရှိ ဘေးအန္တရယ် စီမံခန့်ခွဲမှုဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာချုပ်ဆိုရန် ညှိနှိုင်းဆောင်ရွက်နေမှုကိစ္စများ၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးထားရှိပြီး လူငယ်ရေးရာမူဝါဒဆိုင်ရာကိစ္စရပ်များ၊ ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းများ၊ ကလေးသူငယ်များအား အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေး၊ မူးယစ်ဆေးဝါးနှင့်အရက်အလွန်အကျွံသုံးစွဲခြင်းမှ ကာကွယ်တားဆီးခြင်းလုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စများ၊ လူမှုရေးရာဖြစ်ရပ်များ စီမံခန့်ခွဲမှုလုပ်ငန်းအား ခေတ်မီဒစ်ဂျစ်တယ်နည်းပညာဖြင့် Online မှတဆင့် လွယ်ကူ အဆင်ပြေစွာ စီမံခန့်ခွဲနိုင်ရေးကိစ္စများအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1
#npw_aug2018
Source:  MSWRR

Sign Up

Upcoming Events