ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

6_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံမမြို့နယ်၊ အုပ်ရှစ်ချို ကျေးရွာအုပ်စု၊ ရွှေတောကျေးရွာတွင် (၃.၈.၂၀၁၈)ရက်နေ့တွင် မင်းတုန်းချောင်းရေတိုက်စားမှု ကြောင့် ဘေးကျရောက်နိုင်သည့် နေအိမ်(၂)လုံးအား ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ပြီး အိမ်ထောင်စု(၂)စု၊ လူဦးရေ စုစုပေါင်း(၇)ဦး ဘေးသင့် ခဲ့ရာ ဘေးသင့်လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၄၇၀၀ိ/-)ကျပ်နှင့် နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၂၁၄၇၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၂)အိမ်ထာင်စာတို့အား (၆.၈.၂၀၁၈)ရက်နေ့တွင် ကံမမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့်အတူ ရွှေတောကျေးရွာ အုပ်ချုပ်ရေးမှူး လက်ဝယ်သို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld
#mgy_aug2018
Source:     သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events